Link to home pageLanguagesLink to all Bible versions on this site

1 ယ​ခု​အ​ခါ​၌​မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​၍ တံ​ခါး​များ​ကို​နေ​ရာ​တ​ကျ​တပ်​ဆင်​ကာ​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဋ္ဌမ္မ​သီ​ချင်း​သည်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လုပ်​တာ​ဝန်​များ​ကို​ခွဲ​ဝေ​သတ်​မှတ်​ပေး​ပြီး​လေ​ပြီ။- 2 ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။- 3 ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။

ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​များ​စာ​ရင်း
(ဧ​ဇ၊ ၂:၁-၇၀)

4 ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။- 5 ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။

6 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ​သို့​ပြန်​လာ​ခဲ့​ကြ​၏။- 7 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။

8-25 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​လူ​ဦး​ရေ​စာ​ရင်း​မှာ​သား​ချင်း​စု​အ​လိုက်​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

အာ​န​သုတ်​မြို့ ၁၂၈
ဗေ​သာ​ဇ​မာ​ဝက်​မြို့ ၄၂
  • နေ​ဟ​မိ
  • <
  • 7
  • >

  • a * ဥ​ရိမ်​နှင့်​သု​မိမ်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​သိ​ရှိ​ရန်​ယဇ်​ပု​ရော​ဟိတ်​အ​သုံး​ပြု​သည့်​အ​ရာ​နှစ်​ခု​ဖြစ်​သည်။ ယင်း​တို့​ကို​မည်​ကဲ့​သို့​အ​သုံး​ပြု​သည်​ကို​မ​သိ​ရ။

    7:65 ထွ၊ ၂၈:၃၀။ တရား၊ ၃၃:၈။

    7:73 ၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။