4 သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
5 ထိုနောက်ငါးကြိမ်မြောက်သမ္ဘာလတ်စေ လွှတ်သောအစေခံ၌ချိပ်မနှိပ်သောစာ[a] ပါရှိ၏။- 6 ထိုစာတွင်
8 ငါကလည်း``သင်ပြောသမျှတို့သည်မဟုတ် မမှန်။ သင်ကိုယ်တိုင်လုပ်ကြံပြောဆိုခြင်း သာဖြစ်၏'' ဟုပြန်ကြားလိုက်၏။
9 မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။
10 ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။
11 ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
12 ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။- 13 ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
14 ``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
17 ဤကာလအတောအတွင်း၌ယုဒအမျိုး သားခေါင်းဆောင်များသည် တောဘိနှင့်စာ အားဖြင့်ဆက်သွယ်လျက်နေခဲ့ကြ၏။- 18 သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။- 19 လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။
<- နေဟမိ 5နေဟမိ 7 ->- a * ချိပ်မနှိပ်သောစာ။ ချိပ်မနှိပ်သောစာသည်စာတွင်ပါရှိ သောအကြောင်းအရာကိုလူအများသိ စေရန်ချိပ်မနှိပ်ဘဲထားသည်။