2 ယေရိခေါမြို့သားတို့သည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်ကြ၍၊
3 ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။
4 မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊
5 နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။
6 ပါသာ၏သားယောယဒနှင့်ဗေသောဒေယ ၏သားမေရှုလံတို့သည်ယေရှာနာတံခါး[b] ကိုပြန်လည်တည်ဆောက်ကြပြီးလျှင်တံခါး ထုပ်များ၊ တံခါးရွက်များ၊ တံခါးပိတ်ရန်မင်း တုပ်များနှင့်ကန့်လန့်ကျင်တို့ကိုတပ်ဆင် ကြ၏။
7 မြို့ရိုးနောက်တစ်ပိုင်းကိုဂိဗောင်မြို့သားမေ လတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်ဂိဗောင် မြို့သား၊ မိဇပါမြို့သားတို့ကဥဖရတ်မြစ် အနောက်ဘက်ပြည်နယ်ဘုရင်ခံ၏အိမ်တော် တိုင်အောင်တည်ဆောက်ကြ၏။
8 နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။
9 ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။
10 ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊
11 ဟာရိမ်၏သားမာလခိယနှင့်ပါတတ်မောဘ ၏သားဟာရှုတ်တို့သည် မြို့ရိုးနောက်တစ်ပိုင်း နှင့်မုန့်ဖိုပြအိုးကိုတည်ဆောက်ကြ၏။
12 ဟာလောဟတ်၏သား၊ ယေရုရှလင်နယ်ကျန် တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံသည် နောက်တစ် ပိုင်းကိုတည်ဆောက်၏။ (တည်ဆောက်မှုတွင် သူ၏သမီးများကဝိုင်းဝန်းကူညီကြ လေသည်။)
13 ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။
14 ရေခပ်၏သားဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရ သူမာလခိယသည် အမှိုက်ပုံတံခါးကိုပြန် လည်တည်ဆောက်၍တံခါးရွက်များ၊ မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်လေ သည်။
15 ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။
16 အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။
18 နောက်တစ်ပိုင်းကိုဟေနဒဒ်၏သား၊ ကိလ နယ်အခြားတစ်ဝက်ကိုအုပ်ချုပ်ရသူ ဗာဝဲတည်ဆောက်၏။
19 ယောရှ၏သား၊ မိဇပါမြို့ကိုအုပ်ချုပ်ရသူ ဧဇေရသည် လက်နက်တိုက်ရှေ့ရှိမြို့ရိုးကို မြို့ထောင့်တိုင်အောင်တည်ဆောက်လေသည်။
20 နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။
21 နောက်တစ်ပိုင်းကိုဟက္ကုတ်၏မြေး၊ ဥရိယ ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ် တော်အစွန်ဆုံးတိုင်အောင်တည်ဆောက် သတည်း။
23 နောက်တစ်ပိုင်းကိုဗင်္ယာမိန်နှင့်ဟာရှုပ်တို့က မိမိတို့နေအိမ်များရှေ့တွင်တည်ဆောက် ကြ၍၊
24 ဟေနဒဒ်၏သားဗိန္နိသည်နောက်တစ်ပိုင်း ကိုအာဇရိ၏နေအိမ်မှမြို့ထောင့်တိုင် အောင်တည်ဆောက်၏။
25-26 ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။
28 နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။
29 ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။
30 ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။
31 ပန်းထိမ်သမားမာလခိသည်နောက်တစ်ပိုင်း ကိုဗိမာန်တော်မိဖကဒ်တံခါးနှင့် မြို့ရိုး၏ အရှေ့မြောက်ထောင့်ထိပ်တွင်ရှိသောအခန်း အနီး၊ ဗိမာန်တော်အလုပ်သမားများနှင့် ကုန်သည်တို့အသုံးပြုရာအဆောက်အအုံ တိုင်အောင်တည်ဆောက်၏။
32 နောက်ဆုံးအပိုင်းကိုပန်းထိမ်သမားများ နှင့်ကုန်သည်များကထိုမြို့ရိုးထောင့်ခန်း မှသိုးတံခါးတိုင်အောင်တည်ဆောက်ကြ သတည်း။
<- နေဟမိ 2နေဟမိ 4 ->