1 နောင်ကာလတွင်
5 လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။
8 ဘုရားသခင်သည်လင့်စင်မှမိမိ၏လူမျိုး တော်ကို သိုးထိန်းသဖွယ်စောင့်ရှောက်တော်မူ ရာယေရုရှလင်မြို့၊ သင်သည်နိုင်ငံတော် ၏မြို့တော်ဖြစ်ခဲ့ဖူးသကဲ့သို့ ယခုတစ်ဖန် မြို့တော်ဖြစ်ရလိမ့်မည်။- 9 သင်သည်အဘယ်ကြောင့်ကျယ်လောင်စွာ အော်ဟစ်ရပါသနည်း။ မီးဖွားသောမိန်းမ ကဲ့သို့အဘယ်ကြောင့်ဝေဒနာခံနေရ ပါသနည်း။ သင်၌အုပ်စိုးမည့်ရှင်ဘုရင် မရှိသောကြောင့်လော၊ သင်၏အတိုင်ပင် ခံများအနိစ္စရောက်ကုန်ကြသောကြောင့် လော။- 10 ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။- 11 လူမျိုးများစွာတို့သည်သင်တို့ကိုတိုက်ခိုက် ရန် စုရုံးရောက်ရှိလာကြပြီ။ သူတို့က``ယေရု ရှလင်မြို့ကိုဖြိုဖျက်ကြကုန်အံ့၊ ငါတို့သည် မြို့ပျက်ကိုမြင်ရသဖြင့်ဝမ်းသာအားရ ကြလိမ့်မည်'' ဟုဆိုကြ၏။- 12 သို့ရာတွင်ထာဝရဘုရား၏အကြံတော် မည်သို့ရှိကြောင်းကို ထိုနိုင်ငံများမသိ ကြ။ စပါးကိုနယ်ရန်တလင်းထဲသို့စု သိမ်းသကဲ့သို့ ကိုယ်တော်သည်သူတို့ကို ဒဏ်ခတ်ရန်စုဝေးစေကြောင်းသူတို့ မသိကြ။
13 ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။
<- မိက္ခာ 3မိက္ခာ 5 ->