မိက္ခာအနာဂတ္တိကျမ်း နိဒါန်း ပရောဖက်မိက္ခာသည်ဟေရှာယပေါ်ထွန်း ချိန်တွင် တောင်ပိုင်းနိုင်ငံယုဒပြည်ရှိမြို့ တစ်မြို့မှပေါ်ထွန်းသောပရောဖက်ဖြစ် သည်။ ပရောဖက်အာမုတ်ကြိုတင်ဟောပြော သည့်မြောက်ပိုင်းနိုင်ငံတွင်ကျရောက်မည့်ဘေး ဒုက္ခမျိုး ယုဒပြည်၌လည်းတွေ့ကြုံရဦးမည် ဟုယုံသည်။ ဘုရားသခင်သည်ပြည်သား တို့၏စက်ဆုပ်ဖွယ်ကောင်းသောမတရားမှု များကြောင့် သူတို့ကိုဒဏ်ခတ်မည်။ သို့ရာ တွင်မိက္ခာ၏ဟောပြောချက်တွင်အနာဂတ် အတွက် မျှော်မှန်းချက်အလားအလာများ ကိုပိုမိုပြတ်သားစွာဖော်ပြထားသည်။ အထူးမှတ်သားဖွယ်ရာကျမ်းပိုဒ်များ(၄:၁-၄) တွင်ဖော်ပြသောဘုရားသခင်၏အုပ်စိုးမှု အောက်တွင် ငြိမ်းချမ်းသာယာသောကမ္ဘာလောက ၏သရုပ်သဏ္ဌာန်၊ (၅:၂-၄) တွင်ဖော်ပြသောဒါဝိဒ် အမျိုးဆက်ထဲမှထင်ရှားသောဘုရင်တစ်ပါး ပေါ်ထွန်းသောအခါ တိုင်းပြည်သည်ငြိမ်းချမ်း သာယာမည်ဖြစ်ကြောင်းကြိုတင်ဟောပြော ချက်၊``ကိုယ်တော်အလိုရှိသောအရာသည် ကားတရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာ ကရုဏာထားရှိခြင်း၊ စိတ်နှိမ့်ချစွာသင် ၏ဘုရားသခင်နှင့်အတူသွားလာနေ ထိုင်ခြင်းတို့ဖြစ်သတည်း'' ဟူ၍ (၆:၈) ၌ ဣသရေလအမျိုးသားတို့တွင်ပေါ်ထွန်း သောပရောဖက်များ၏ဟောပြောချက် များကိုအချုပ်အားဖြင့်ကျမ်းတစ်ပိုဒ် တည်းဖြင့်ဖော်ပြချက်ပင်ဖြစ်သည်။ အကြောင်းအရာအကျဉ်းချုပ် ဣသရေလနိုင်ငံနှင့်ယုဒနိုင်ငံတို့ကို အပြစ်ဒဏ်စီရင်ခြင်း ၁:၁-၃:၁၂ ပြန်လည်ပြုပြင်ခြင်းနှင့်ငြိမ်းချမ်း သာယာခြင်း ၄:၁-၅:၁၅ သတိပေးခြင်းနှင့်မျှော်လင့်ခြင်းဆိုင်ရာ ဟောပြောချက် ၆:၁-၇:၂၀
1 ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။✡၄ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။
ရှမာရိမြို့နှင့်ယေရုရှလင်မြို့တို့အတွက် မြည်တမ်းခြင်း 2 လူမျိုးအပေါင်းတို့၊ကြားနာကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့နားထောင် ကြလော့။ အရှင်ထာဝရဘုရားသည်သင်တို့တစ် ဘက်မှ သက်သေခံတော်မူမည်။ နားထောင်ကြလော့၊ ထာဝရဘုရားသည်ကောင်းကင်ဘုံရှိဗိမာန် တော်မှ မိန့်ကြားတော်မူ၏။ 3 ထာဝရဘုရားသည်သန့်ရှင်းရာဌာန တော်မှ ကြွဆင်းလာ၍၊တောင်ထိပ်များပေါ်တွင် စက်တော်ဖြန့်တော်မူမည်။ 4 ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။ ထိုနောက်တောင်ကုန်းမှတောင်အောက်သို့ ရေစီးဆင်းသကဲ့သို့ချိုင့်ဝှမ်းထဲသို့စီးဆင်း လိမ့်မည်။5 ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။- 6 ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။- 7 ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။- 9 ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။
ရန်သူများယေရုရှလင်မြို့သို့ချဉ်းကပ်လာခြင်း 10 ဂါသမြို့ရှိရန်သူများအားငါတို့စစ်ရေး နိမ့်သည့်သတင်းကိုမကြားပြောနှင့်။ သင် တို့ငိုကြွေးနေခြင်းကိုသူတို့မမြင်စေနှင့်။ ဗေသောဖရာမြို့သားတို့၊ စိတ်ပျက်အား လျော့ကြောင်းပြရန်မြေမှုန့်၌လူးလှိမ့်နေ ကြလော့။- 11 ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။- 12 မာရုတ်မြို့သားတို့သည်လူးလှိမ့်လျက် ဝေဒနာခံနေကြ၏။ ထာဝရဘုရား သည်ယေရုရှလင်မြို့အား ဘေးဒုက္ခရောက် စေတော့မည်ဖြစ်၍ ငါတို့မြို့သားတို့သည် စိတ်တထင့်ထင့်နှင့်အကူအညီစောင့် မျှော်နေကြ၏။- 13 လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။- 14 ယုဒပြည်သားတို့၊ မောရရှက်ဂါသမြို့ကို လည်းလက်လွှတ်လိုက်ကြလော့။ ဣသရေလ ဘုရင်တို့သည် အာခဇိပ်မြို့သားတို့ထံမှ အကူအညီရလိမ့်မည်မဟုတ်။15 မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။- 16 ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။
မိက္ခာ 2 ->
✡1:1
၄ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။
1 ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။✡၄ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။
5 ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။- 6 ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။- 7 ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။- 9 ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။
15 မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။- 16 ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။
မိက္ခာ 2 ->✡1:1 ၄ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။