6 ``သန်းခေါင်ယံ၌`မင်္ဂလာဆောင်သတို့သားရောက် လာပြီ။ သွား၍ကြိုဆိုကြလော့' ဟူသောကြွေး ကြော်သံကိုကြားရကြ၏။- 7 ထိုအခါအပျိုရံအားလုံးတို့သည်ထ၍မိမိ ၏မီးခွက်များကိုအသင့်ပြင်ကြ၏။- 8 ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။- 9 ပညာသတိရှိသူများက `သင်တို့အဖို့နှင့်ငါတို့ အဖို့ပါဆိုလျှင်ဆီလောက်မည်မဟုတ်သဖြင့် ဆီရောင်းသူထံသို့သွား၍သင်တို့အတွက် ဝယ်ယူကြပါ' ဟုပြန်ပြောကြ၏။- 10 ပညာသတိမရှိသူတို့ဆီဝယ်ရန်ထွက်သွား နေခိုက်မင်္ဂလာဆောင်သတို့သားသည်ရောက် လာ၏။ အသင့်ရှိနေကြသောအပျိုရံတို့ သည်လည်းသူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ ဝင်ပြီးလျှင်တံခါးကိုပိတ်ထားလိုက်၏။
11 ``ပညာသတိမရှိသောအပျိုရံများသည် လည်းပြန်ရောက်လာ၍ `အရှင်၊ အရှင်၊ ကျွန်မတို့ အားတံခါးဖွင့်ပေးပါ' ဟုဆိုကြ၏။-[b] 12 သို့ရာတွင်မင်္ဂလာဆောင်သတို့သားက `မဖွင့် ပေးနိုင်ပါ။ သင်တို့ကိုငါမသိ' ဟုပြန်ပြော၏။
13 ``သို့ဖြစ်၍သင်တို့သည်လည်းထိုနေ့ထိုအချိန် ကိုမသိကြသဖြင့်သတိနှင့်စောင့်နေကြလော့။
14 ``ကောင်းကင်နိုင်ငံတော်သည်ခရီးပြုရန် မိမိအိမ် မှထွက်မည့်ဆဲဆဲရှိသူ လူတစ်ယောက်ကြုံတွေ့ရ သည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။ သူသည်မိမိ ၏ကျွန်များကိုခေါ်၍ဥစ္စာပစ္စည်းများကိုအပ်၏။-[c] 15 တစ်ယောက်ကိုရွှေငါးပိဿာ၊ အခြားတစ်ယောက်ကို နှစ်ပိဿာ၊ အခြားတစ်ယောက်ကိုရွှေတစ်ပိဿာစသည် ဖြင့်ထိုသူတို့၏အရည်အချင်းအလိုက်ပေးအပ်၏။ ထိုနောက်နိုင်ငံရပ်ခြားသို့ထွက်ခွာသွားလေသည်။- 16 ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။- 17 ထိုနည်းတူပင်ရွှေနှစ်ပိဿာရသူသည်လည်း အမြတ်ရွှေနှစ်ပိဿာကိုရ၏။- 18 ရွှေတစ်ပိဿာရသူမူကားနေရာတစ်ခုသို့သွား ၍မိမိသခင်၏ရွှေကိုမြေတွင်မြှုပ်ထားလေ၏။
19 ``ကာလအတော်ကြာသော်ထိုကျွန်တို့၏အရှင် သည်ပြန်လာ၍သူတို့နှင့်စာရင်းရှင်း၏။- 20 ရွှေငါးပိဿာရသူသည်အပိုရွှေငါးပိဿာကိုယူ ဆောင်လာပြီးလျှင်`အရှင်၊ အကျွန်ုပ်အားအရှင်ရွှေ ငါးပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ် သည်ရွှေငါးပိဿာအမြတ်ရပါပြီ' ဟုလျှောက်၏။- 21 သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
22 ``ရွှေနှစ်ပိဿာရသူသည်လည်းလာ၍`အရှင်၊ အကျွန်ုပ် အား အရှင်ရွှေနှစ်ပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ်သည် ရွှေနှစ်ပိဿာအမြတ်ရပါပြီ' ဟု လျှောက်ထား၏။- 23 သခင်က`ကောင်းလေစွ။ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီးသောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့်အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
24 ``သို့ရာတွင်ရွှေတစ်ပိဿာရသူသည်လာ၍ `အရှင်၊ အကျွန်ုပ်သည်အရှင့်အကြောင်းကိုသိပါ၏။ အရှင် သည်ခက်ထန်သူဖြစ်၍မိမိမစိုက်မပျိုးသည့် အရပ်တွင်ရိတ်သိမ်းတတ်ပါ၏။ မကြဲဖြန့်သည့် အရပ်တွင်စုသိမ်းတတ်ပါ၏။- 25 အကျွန်ုပ်သည်ကြောက်ရွံ့သဖြင့်အရှင်၏ရွှေကို မြေတွင်မြှုပ်ထားခဲ့ပါ၏။ ကြည့်ပါ။ အရှင်၏ပစ္စည်း ဤမှာရှိပါ၏' ဟုလျှောက်၏။''
26 ``သခင်ကလည်း `အချင်းဆိုးညစ်သည့်ကျွန်ပျင်း၊ ငါသည်မိမိမစိုက်မပျိုးသည့်အရပ်တွင်ရိတ်သိမ်း ၍မကြဲမဖြန့်သည့်အရပ်တွင်စုသိမ်းတတ်သည် ကိုသင်သိသည်မှန်လျှင်၊- 27 ငါ၏ရွှေကိုဘဏ်တွင်အပ်ထားသင့်၏။ သို့မှသာ လျှင်ငါပြန်လာချိန်၌အတိုးနှင့်အတူပြန် လည်ရရှိနိုင်၏။- 28 ထိုသူ၏ထံမှရွှေတစ်ပိဿာကိုယူ၍ဆယ်ပိဿာ ရှိသူအားပေးကြ။- 29 ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-[d] 30 အသုံးမကျသည့်ဤကျွန်ကိုအပြင်အမှောင်ထဲ သို့ထုတ်လိုက်ကြ။ သူသည်ထိုအရပ်တွင်ငိုကြွေး မြည်တမ်း၍အံသွားခဲကြိတ်လျက်နေရလိမ့် မည်' ဟုဆို၏။''[e]
37 ထိုအခါသူတော်ကောင်းတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင်မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌မြင်၍အကျွန်ုပ်တို့ကျွေးမွေး ပါသနည်း။ ရေငတ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍သောက်ရေကိုပေးပါသနည်း။- 38 ဧည့်သည်ဖြစ်တော်မူသည်ကိုအဘယ်အခါ၌ မြင်၍အကျွန်ုပ်တို့ဧည့်သည်ဝတ်ကိုပြုပါသနည်း။ အဝတ်အချည်းစည်းဖြစ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍အဝတ်ဝတ်ဆင်ပေးပါသနည်း။- 39 ဖျားနာတော်မူသည်ကိုလည်းကောင်း၊ ထောင်ကျ တော်မူသည်ကိုလည်းကောင်းအဘယ်အခါ၌ အကျွန်ုပ်တို့မြင်၍အထံတော်သို့လာကြပါ သနည်း' ဟုပြန်၍လျှောက်ထားကြ၏။- 40 ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
41 ``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။- 42 ငါဆာလောင်မွတ်သိပ်စဉ်အခါကသင်တို့သည် ငါ့ကိုမကျွေးမမွေးကြ။ ငါရေငတ်စဉ်အခါ ကသောက်ရေကိုမပေးကြ။- 43 ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
44 ``ထိုသူတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းဖြစ်တော် မူခြင်း၊ ဖျားနာတော်မူခြင်း၊ ထောင်ကျတော်မူခြင်း တို့ကိုအဘယ်အခါ၌အကျွန်ုပ်တို့မြင်ရပါလျက် ကိုယ်တော်အားမပြုစုမလုပ်ကျွေးဘဲနေခဲ့ပါ သနည်း' ဟုလျှောက်ထားကြပေအံ့။- 45 ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သိမ်ငယ်သည့် ဤသူများအနက်ကတစ်စုံတစ်ယောက်သော သူကိုသင်တို့မပြုမစုဘဲနေခဲ့သမျှသည် ငါ့ကိုမပြုမစုဘဲနေခဲ့ခြင်းပင်မည်၏' ဟု မိန့်တော်မူလိမ့်မည်။- 46 ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။[g]
<- မဿဲ 24မဿဲ 26 ->