1 ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့ချဉ်းကပ်လာသဖြင့် သံလွင်တောင်အနီး ရှိဗက်ဖာဂေရွာသို့ရောက်ကြ၏။ သခင်ယေရှု သည်တပည့်တော်နှစ်ယောက်အား၊- 2 ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြ။ မြည်း ကလေးတစ်ကောင်နှင့်အတူကြိုးဖြင့်လှန်ထား သောမြည်းမတစ်ကောင်ကိုတွေ့ရလိမ့်မည်။ ကြိုး ကိုဖြေ၍မြည်းများကိုယူခဲ့ကြလော့။- 3 အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်ဖြေသနည်း' ဟုမေးခဲ့ သော် `အရှင်ဘုရားအလိုရှိပါသည်' ဟု ဖြေကြားကြလော့။ ထိုအခါသူသည်မြည်း များကိုချက်ချင်းယူခွင့်ပြုလိမ့်မည်'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။
6 တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင်သခင်ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။- 7 သူတို့သည်မြည်းမနှင့်မြည်းကလေးကိုဆောင် ယူခဲ့၍ မိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။ ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။- 8 လူပရိသတ်တို့သည်လည်းမိမိတို့၏ဝတ်လုံ များကိုလမ်းပေါ်မှာဖြန့်ခင်းကြ၏။ လူအချို့ တို့သည်သစ်ပင်များမှအကိုင်းအခက်များ ကိုခုတ်၍လမ်းပေါ်မှာခင်းကြ၏။- 9 ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။[b]
10 ယေရုရှလင်မြို့သို့ကိုယ်တော်ဝင်သောအခါ တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ပြီးလျှင် လူတို့ က ``ဤသူကားအဘယ်သူနည်း'' ဟုမေးမြန်း ကြ၏။
11 လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
12 သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။- 13 ထိုနောက်ကိုယ်တော်က ``ငါ၏အိမ်တော်ကိုဆု တောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့ ဟုကျမ်းစာလာ၏။ သို့ရာတွင်သင်တို့သည်အိမ် တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြပြီ တကား'' ဟုမိန့်တော်မူ၏။[c]
14 ဗိမာန်တော်တွင်မျက်မမြင်များနှင့်ခြေမစွမ်း မသန်သူများသည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည်သူတို့၏ရောဂါများကိုပျောက် ကင်းစေတော်မူ၏။- 15 ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုမြင်၍ ``ဒါဝိဒ်၏သားတော် အားချီးမွမ်းထောမနာပြုကြလော့'' ဟုဗိမာန် တော်ထဲတွင်ကလေးသူငယ်တို့ဟစ်အော်နေ သည်ကိုကြားကြသောအခါအမျက်ထွက် လျက်၊- 16 ``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။
17 ထိုနောက်သခင်ယေရှုသည်မြို့မှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ထိုညတည်းခိုတော်မူ၏။
18 နံနက်စောစောမြို့သို့ပြန်လည်ကြွလာတော်မူစဉ် ကိုယ်တော်သည်ဆာလောင်မွတ်သိပ်တော်မူ၏။- 19 လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
20 ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် လွန်စွာအံ့သြကြသဖြင့် ``သင်္ဘောသဖန်းပင် သည်အဘယ်သို့လျှင်ချက်ချင်းညှိုးနွမ်းခြောက် သွေ့သွားပါသနည်း'' ဟုမေးလျှောက်ကြ၏။
21 သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည်သံသယကင်း သောယုံကြည်ခြင်းရှိလျှင်သင်္ဘောသဖန်းပင် ကိုငါပြုသကဲ့သို့ပြုနိုင်လိမ့်မည်။ ထိုမျှမက ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ်ထဲ သို့သက်ဆင်းလော့' ဟုဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-[e] 22 သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
23 ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
24 သခင်ယေရှုက ``သင်တို့အားမေးခွန်းတစ်ခုကို ငါမေးမည်။ ထိုမေးခွန်းကိုသင်တို့ဖြေကြားကြ ပါလျှင် ဤအမှုအရာများကိုအဘယ်အခွင့် အာဏာနှင့်ငါပြုသည်ကိုငါပြောမည်။- 25 ယောဟန်ဗတ္တိဇံမင်္ဂလာပေးသည်မှာဘုရားသခင်၏ အခွင့်အာဏာနှင့်ပေးသလော။ လူတို့၏အခွင့် အာဏာနှင့်ပေးသလော'' ဟုမေးတော်မူ၏။
33 ``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။-[g] 34 စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။- 35 ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။- 36 ထိုနောက်ဥယျာဉ်ရှင်သည်ပထမအကြိမ်ထက် လုပ်သားများကိုပို၍စေလွှတ်၏။ သို့ရာတွင် ခြံသမားတို့သည်ထိုလုပ်သားများကိုလည်း ရှေးနည်းတူပြုကြပြန်၏။- 37 နောက်ဆုံး၌သူသည် `ငါ၏သားကိုမူထိုသူတို့ လေးစားကြရာ၏' ဟုဆိုလျက်မိမိ၏သား ကိုခြံသမားတို့ထံသို့စေလွှတ်၏။- 38 သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊- 39 သူ့ကိုဖမ်းပြီးဥယျာဉ်အပြင်သို့ထုတ်၍ သတ်ကြ၏။
40 သို့ဖြစ်၍ဥယျာဉ်ရှင်ရောက်ရှိလာသောအခါ ခြံသမားတို့အားအဘယ်သို့ပြုလိမ့်မည်နည်း'' ဟုမေးတော်မူ၏။
41 လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။
42 သခင်ယေရှုက
43 ``သို့ဖြစ်၍သင်တို့အားငါဆိုသည်ကားဘုရား သခင်၏နိုင်ငံတော်ကိုသင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ထိုက်လျောက်သည့်အကျင့်သီလ ရှိသောလူမျိုးအားပေးလိမ့်မည်။- 44 (ထိုကျောက်အပေါ်သို့ကျသောသူသည်ကြေမွ ၍သွားပေအံ့။ မိမိ၏အပေါ်သို့ထိုကျောက် အကျခံရသူသည်ညက်ညက်ကြေ၍သွားပေ အံ့'') ဟုမိန့်တော်မူ၏။
45 ကိုယ်တော်၏ပုံဥပမာများကိုယဇ်ပုရောဟိတ် ကြီးများနှင့်ဖာရိရှဲများကြားကြသောအခါ မိမိတို့ကိုရည်မှတ်၍မိန့်တော်မူကြောင်းသိ ကြ၏။- 46 ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
<- မဿဲ 20မဿဲ 22 ->