1-2 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားအောက်ပါအတိုင်း မိန့်တော်မူသည်။ တဲတော်ထဲရှိမီးတိုင်ကို အစဉ်မပြတ်ထွန်းညှိထားနိုင်စေရန် အကောင်းဆုံးသံလွင်ဆီစစ်စစ်ကိုယူ ခဲ့ကြလော့။- 3 အာရုန်သည်တဲတော်တွင်းအလွန်သန့်ရှင်း သောဌာနတော်၌တည်ရှိသည့် ပဋိညာဉ် သေတ္တာတော်ရှေ့ကန့်လန့်ကာအပြင်ဘက် တွင်မီးတိုင်ကိုညနေတိုင်းထွန်းညှိရမည်။ ထိုမီးတိုင်သည်ရှေ့တော်၌ညနေမှနံနက် သို့တိုင်အောင်ထွန်းတောက်လျက်ရှိစေရမည်။ သင်တို့သည်ဤပညတ်ကိုထာဝစဉ်စောင့် ထိန်းရကြမည်။- 4 အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။
13 ထာဝရဘုရားကမောရှေအား၊- 14 ``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။- 15 တစ်စုံတစ်ယောက်သည်ဘုရားသခင်ကို ကျိန်ဆဲလျှင်ထိုသူသည်အပြစ်ကိုခံရမည်။- 16 သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
17 ``လူသတ်မှုကူးလွန်သောသူကိုသေဒဏ် စီရင်ရမည်။-[c] 18 သူတစ်ပါးပိုင်သောတိရစ္ဆာန်ကိုသတ်သော သူသည်ပိုင်ရှင်အားအစားလျော်ပေးရမည်။ ဤပညတ်သဘောမှာအသက်အတွက် အသက်ကိုအစားပေးခြင်းဖြစ်သည်။
19 ``အခြားသူတစ်ဦးအားထိခိုက်နာကျင် စေသောသူသည်ကိုယ်တိုင်လည်းထိုအတိုင်း ခံစေရမည်။- 20 သူတစ်ပါး၏အရိုးကိုချိုးသောသူသည် ကိုယ်တိုင်လည်းအရိုးချိုးခြင်းခံရမည်။ သူ တစ်ပါး၏မျက်လုံးကိုထိုးဖောက်သောသူ သည်ကိုယ်တိုင်မျက်လုံးဖောက်ခြင်းခံရမည်။ သူတစ်ပါး၏သွားကိုချိုးသောသူသည် ကိုယ်တိုင်လည်းသွားချိုးခြင်းခံရမည်။ သူ တစ်ပါးအားထိခိုက်နာကျင်စေသည့်ပမာ ဏအတိုင်းကိုယ်တိုင်ခံရမည်။-[d] 21 တိရစ္ဆာန်ကိုသတ်သောသူသည်အစား လျော်ပေးရမည်။ သို့ရာတွင်လူကိုသတ် သူအားသေဒဏ်စီရင်ရမည်။- 22 ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သောကြောင့်သင်တို့နှင့်တကွ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့သည်ဤပညတ်ကိုစောင့်ထိန်းကြရမည်'' ဟုမိန့်တော်မူ၏။[e]
23 မောရှေသည်ထိုသို့ဣသရေလအမျိုးသား တို့အား မိန့်ကြားသည့်အတိုင်း သူတို့သည် အပြစ်ကူးလွန်သူကိုစခန်းအပြင်သို့ ထုတ်၍ခဲဖြင့်ပစ်ကြ၏။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာဆောင်ရွက်ကြ၏။
<- ဝတ်ပြု 23ဝတ်ပြု 25 ->