9-10 သင်တို့သည်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်သို့ရောက်ရှိ၍ စပါးရိတ် သောအခါအဦးရိတ်သောကောက်လှိုင်းစည်း ကိုယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။- 11 သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။- 12 ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။- 13 ထိုမီးရှို့ပူဇော်သောယဇ်နှင့်အတူသံလွင် ဆီရောသောမုန့်ညက်လေးပေါင်ကို ဘောဇဉ် ပူဇော်သကာအဖြစ်ဆက်သရမည်။ ထိုပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။ ထိုယဇ်နှင့်အတူစပျစ်ရည်ငါး ဆယ်သားခန့်ကိုလည်းဆက်သရမည်။- 14 ဘုရားသခင်အားဦးစွာမဆက်သဘဲ ကောက်သစ်ကိုအစိမ်းဖြစ်စေ၊ ကျော်၍ဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေမစားရ။ သင်တို့၏အမျိုး အစဉ်အဆက်သည်ပညတ်ကိုထာဝစဉ် စောင့်ထိန်းရမည်။
15 ဥပုသ်နေ့အလွန်နောက်တစ်နေ့ဖြစ်သည့်ထာဝရ ဘုရားအား ကောက်လှိုင်းစည်းကိုဆက်သသည့် နေ့မှအစပြု၍ရက်သတ္တပတ်ခုနစ်ပတ်ရေ တွက်လော့။-[d] 16 သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။- 17 မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။- 18 သင်တို့အသိုင်းအဝိုင်းသည်အထက်ပါပူဇော် သကာနှင့်အတူ အနာအဆာကင်းသောတစ် နှစ်သားသိုးကလေးခုနစ်ကောင်၊ နွားထီးတစ် ကောင်နှင့်ဆိတ်နှစ်ကောင်တို့ကိုပူဇော်ရမည်။ ထိုယဇ်ကောင်များကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်သည့်အခါ ဘောဇဉ်ပူဇော်သကာ၊ စပျစ် ရည်ပူဇော်သကာတို့ကိုလည်းပူဇော်ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။- 19 ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။- 20 ယဇ်ပုရောဟိတ်သည်မုန့်နှင့်သိုးကလေး နှစ်ကောင်ကို ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအား အထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ဤပူဇော်သကာ တို့သည်သန့်ရှင်း၏။- 21 ထိုနေ့၌အသက်မွေးဝမ်းကျောင်းအလုပ် ကိုမလုပ်ဘဲ စုဝေးဝတ်ပြုကိုးကွယ်ရကြ မည်။ သင်တို့၏အဆက်အနွယ်များသည် မည်သည့်အရပ်တွင်နေထိုင်သည်မဆို ဤ ပညတ်ကိုထာဝစဉ်စောင့်ထိန်းရကြမည်။- 22 ကောက်ရိတ်သည့်အခါလယ်ကွက်အနားတစ် လျှောက်ရှိကောက်ပင်များကိုမရိတ်နှင့်၊ ကျန် ကြွင်းသောကောက်နှံများကိုပြန်ကျော့၍မ ရိတ်ရ။ ထိုကောက်ပင်အကျန်အကြွင်းများ ကိုဆင်းရဲသားနှင့်လူမျိုးခြားတို့အတွက် ချန်ထားရမည်။ ထာဝရဘုရားသည် သင်တို့ ၏ဘုရားသခင်ဖြစ်တော်မူ၏။[e]
23-24 သတ္တမလ၊ ပထမနေ့ရက်ကိုအထူးနား ရက်အဖြစ်သတ်မှတ်လော့။ ထိုနေ့၌တံပိုး မှုတ်သံကိုကြားရလျှင် ဝတ်ပြုကိုးကွယ် ရန်စုဝေးကြလော့။- 25 ထာဝရဘုရားအားပူဇော်သကာကို ဆက်သလော့။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ရ။
26-27 နှစ်စဉ်သတ္တမလ၊ ဆယ်ရက်နေ့၌လူအပေါင်း တို့သည် အပြစ်ပြေရာဝတ်ကိုပြုရမည်။ ထို နေ့၌မည်သည့်အစားအစာကိုမျှမစားရ။ ဝတ်ပြုကိုးကွယ်ရန်စုဝေး၍ ထာဝရဘုရား အားပူဇော်သကာကိုဆက်သရမည်။-[f] 28 ထိုနေ့သည်အပြစ်ပြေရာဝတ်ကိုပြုရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။- 29 ထိုနေ့၌အစားအစာတစ်စုံတစ်ခုကိုစား သောသူအား ဘုရားသခင်၏လူမျိုးတော်မှ ထုတ်ပယ်ရမည်။- 30 ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။- 31 သင်တို့၏အဆက်အနွယ်များသည်မည်သည့် အရပ်တွင်နေထိုင်သည်မဆို ဤပညတ်ကို စောင့်ထိန်းရမည်။- 32 ထိုလကိုးရက်နေဝင်ချိန်မှဆယ်ရက်နေ့နေဝင် ချိန်အထိအထူးနားရက်အဖြစ်သတ်မှတ်ရ မည်။ ထိုရက်အတွင်းမည်သည့်အစားအစာ ကိုမျှမစားရ။
33-34 သစ်ခက်နေပွဲတော်သည်သတ္တမလ၊ တစ်ဆယ့် ငါးရက်နေ့မှအစပြု၍ခုနစ်ရက်ပတ်လုံး ကျင်းပသောပွဲတော်ဖြစ်သည်။-[g] 35 ပွဲတော်ပထမနေ့၌အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ဘဲ ဝတ်ပြုကိုးကွယ်ရန်စု ဝေးရကြမည်။- 36 ခုနစ်ရက်ပတ်လုံးနေ့စဉ်ပူဇော်သကာကို ဆက်သရမည်။ အဋ္ဌမနေ့၌တစ်ဖန်ဝတ်ပြု ကိုးကွယ်ရန်စုဝေး၍ ပူဇော်သကာကိုဆက် သရမည်။ ထိုနေ့သည်ဝတ်ပြုကိုးကွယ်ရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။
37 (ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။- 38 ဤပွဲတော်များသည်ပုံမှန်ဥပုသ်နေ့များ အပြင်ကျင်းပရသောပွဲတော်များဖြစ်၏။ ဤပူဇော်သကာများသည် ထာဝရဘုရား အားပုံမှန်ပူဇော်ခြင်း၊ သစ္စာဝတ်ဖြေရာ ပူဇော်ခြင်း၊ စေတနာအလျောက်ပူဇော် ခြင်းများအပြင်ပူဇော်ရသောပူဇော် သကာများဖြစ်သည်။)
39 သင်တို့ကောက်သိမ်းပြီးသောအခါ သစ်ခက်နေ ပွဲတော်ကိုသတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှ အစပြု၍ ခုနစ်ရက်တိုင်တိုင်ကျင်းပရမည်။ ပွဲတော်ပထမနေ့ကိုအထူးနားရက်အဖြစ် သတ်မှတ်ရမည်။- 40 ထိုနေ့၌အကောင်းဆုံးသစ်သီးများ၊ စွန် ပလွံခက်များ၊ အရွက်ဝေဆာသောအကိုင်း အခက်များကိုယူ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းသောပွဲတော် ကိုစတင်ကျင်းပလော့။- 41 ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ဆင်ယင် ကျင်းပရမည်။ သင်တို့၏အဆက်အနွယ် တို့သည်ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။- 42-43 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်သော အခါ၌ကိုယ်တော်သည် သူတို့အားသစ်ခက် တဲများတွင်နေထိုင်စေတော်မူကြောင်းကို သင်တို့၏အဆက်အနွယ်များသတိရ ကြစေခြင်းငှာ သင်တို့အပေါင်းသည်ခုနစ် ရက်ပတ်လုံးတဲများ၌နေထိုင်ရမည်။ ကိုယ် တော်သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
44 သို့ဖြစ်၍မောရှေသည်ဤနည်းအားဖြင့် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည့်ပွဲတော်များနှင့်ဆိုင်သော ပညတ်များကိုဣသရေလအမျိုးသား တို့အားပြဋ္ဌာန်းပေးလေ၏။
<- ဝတ်ပြု 22ဝတ်ပြု 24 ->