4 မီးဖိုတွင်ဖုတ်သောမုန့်ကိုပူဇော်သောအခါ မုန့်တွင်တဆေးမပါစေရ။ မုန့်ညက်နှင့်သံ လွင်ဆီရော၍ပြုလုပ်သောမုန့်လုံးကိုဖြစ် စေ၊ သံလွင်ဆီသုတ်သောမုန့်ကြွပ်ပြားကို ဖြစ်စေပူဇော်နိုင်သည်။
5 သံဒယ်ပြားတွင်ဖုတ်သောမုန့်ကိုပူဇော်လျှင် ယင်းမုန့်သည်တဆေးမပါသောမုန့်ညက် ကို သံလွင်ဆီနှင့်ရောသောမုန့်ဖြစ်စေရ မည်။- 6 ထိုမုန့်ကိုပူဇော်သောအခါမုန့်ကိုချေ၍ မုန့် ပေါ်တွင်ဆီလောင်းရမည်။
7 အိုးတွင်ကြော်သောမုန့်ကိုပူဇော်လျှင် သံလွင် ဆီနှင့်ရောသောမုန့်ညက်ဖြင့်ပြုလုပ်ရမည်။- 8 ထိုပူဇော်သကာကိုထာဝရဘုရားထံ တော်သို့ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်လက် သို့ပေးအပ်ရမည်။- 9 ယဇ်ပုရောဟိတ်သည်ထိုပူဇော်သကာကို ယဇ် ပလ္လင်သို့ယူဆောင်ခဲ့၍ မုန့်အားလုံးကိုထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့် မုန့်အနည်း ငယ်ကိုယူပြီးလျှင်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။- 10 ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
11 ထာဝရဘုရားအား သင်တို့ဆက်သသော ဘောဇဉ်သကာရှိသမျှတို့တွင် တဆေး မပါစေရ။ ထာဝရဘုရားအားပူဇော် သည့်ဘောဇဉ်သကာတွင် ဘယ်သောအခါ မျှတဆေးသို့မဟုတ်ပျားရည်မပါ စေရ။- 12 သင်တို့နှစ်စဉ်အဦးဆုံးရိတ်သိမ်းသည့် ကောက်ပဲသီးနှံကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ သို့ရာတွင်ယင်းကိုပလ္လင် ပေါ်တွင်မီးမရှို့ရ။- 13 ဆားသည်သင်တို့နှင့်ဘုရားသခင်ပြုထား သောပဋိညာဉ်ကိုပုံဆောင်သောကြောင့် ဘော ဇဉ်သကာဟူသမျှတွင်ဆားခတ်ရမည်။ (သင်တို့ဆက်ကပ်သောပူဇော်သကာရှိသမျှ တို့တွင်ဆားခတ်ရမည်။-) 14 သင်တို့သည်အဦးဆုံးရိတ်သိမ်းသော ကောက်ပဲသီးနှံကို ထာဝရဘုရားအား ပူဇော်သောအခါဆန်လှော်သို့မဟုတ် ဆန်မှုန့်ကိုပူဇော်ရမည်။- 15 ၎င်းတွင်သံလွင်ဆီနှင့်အမွှေးနံ့သာထည့်ရမည်။- 16 ယဇ်ပုရောဟိတ်သည်ဆန်နှင့်ဆီအထိမ်းအမှတ် အဖြစ် ဆန်မှုန့်နှင့်ဆီအနည်းငယ်ကိုယူ၍ အမွှေးနံ့သာရှိသမျှနှင့်တကွထာဝရ ဘုရားအတွက်မီးရှို့ရာယဇ်ကိုပူဇော်ရမည်။