6 ထာဝရဘုရားသည်အောက်ပါပြဋ္ဌာန်းချက် များကို ချမှတ်ပေးတော်မူ၏။ သင်တို့သည် ဆွေမျိုးနီးစပ်သူနှင့် ကာမစပ်ယှက်ခြင်း မပြုရ။- 7 သင်၏မိခင်နှင့်ကာမစပ်ယှက်ခြင်းအား ဖြင့် ဖခင်ကိုအရှက်မခွဲရ။ သင်၏မိခင် အရင်းကိုအရှက်မခွဲရ။- 8 ဖခင်၏မယားငယ်များနှင့်ကာမစပ်ယှက် ခြင်းမပြုရ။-[b]
19 ရာသီသွေးပေါ်သောမိန်းမသည်ဘာသာရေး ထုံးနည်းအရမသန့်စင်သောကြောင့် ရာသီသွေး ပေါ်ချိန်အတွင်းသူနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-[g] 20 သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။-[h] 21 သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-[i] 22 ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-[j] 23 ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ၊ တိရစ္ဆာန်နှင့်ကာမ စပ်ယှက်ခြင်းမပြုရ။ ထိုအကျင့်သည်ဋ္ဌမ္မတာ ကိုဆန့်ကျင်သဖြင့် ဘာသာတရားထုံးနည်း အရသင့်ကိုညစ်ညမ်းစေသည်။[k]
24 သင်တို့သည်ထိုအကျင့်များကိုကျင့်၍ ကိုယ် ကိုမညစ်ညမ်းစေကြနှင့်။ သင်တို့ဝင်ရောက်နေ ထိုင်မည်ဖြစ်သောပြည်မှငါနှင်ထုတ်မည့်လူမျိုး တို့သည် ထိုသို့သောအကျင့်များကိုပြုကျင့် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြ၏။- 25 သူတို့၏အလေ့အကျင့်များသည် သူတို့နေ ထိုင်ရာပြည်ကိုညစ်ညမ်းစေသည်။ ထို့ကြောင့် ထာဝရဘုရားသည် ထိုပြည်ကိုဒဏ်ခတ် သဖြင့်ပြည်သားတို့သည် ထိုပြည်မှနှင် ထုတ်ခြင်းခံရကြလိမ့်မည်။- 26-27 သူတို့သည်ထိုစက်ဆုပ်ဖွယ်သောအကျင့်တို့ ကိုပြုကျင့်၍ တိုင်းပြည်ကိုညစ်ညမ်းစေကြ ၏။ သင်တို့မူကားထိုအကျင့်များကိုမပြု ကျင့်ရ။ ဣသရေလအမျိုးသားဖြစ်စေ၊ သင် တို့နှင့်အတူနေထိုင်သောလူမျိုးခြားသား ဖြစ်စေ၊ သင်တို့အားလုံးသည်ထာဝရဘုရား ၏ပညတ်တော်များနှင့် ပြဋ္ဌာန်းချက်များ ကိုစောင့်ထိန်းရကြမည်။- 28 သို့ပြုလျှင်သင်တို့အလျင်နေထိုင်ခဲ့သော သူများကဲ့သို့ သင်တို့သည်ထိုပြည်မှနှင် ထုတ်ခြင်းခံရမည်မဟုတ်။- 29 ထိုသို့သောစက်ဆုပ်ဖွယ်ရာအကျင့်ကိုပြု ကျင့်သူသည်ဘုရားသခင်၏လူမျိုးတော် မှပယ်ထုတ်ခြင်းခံရမည်။
30 ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
<- ဝတ်ပြု 17ဝတ်ပြု 19 ->