6 ယောရှုသည်ယဇ်ပုရောဟိတ်များကိုခေါ်ပြီး လျှင်``ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြ လော့။ သင်တို့အနက်ခုနစ်ယောက်တို့သည် တံပိုးခရာများကိုကိုင်လျက် ပဋိညာဉ် သေတ္တာတော်ရှေ့ကသွားကြလော့'' ဟုမှာ ကြား၏။- 7 ရှေ့ဆုံးမှတပ်သားများ၊ ထိုနောက်ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်၊ နောက်ဆုံး တွင်လူတို့လိုက်ပါလျက် မြို့ကိုပတ်၍ချီ တက်ရန်ယောရှုအမိန့်ပေးလေ၏။- 8-9 ယောရှုအမိန့်ပေးသည့်အတိုင်းတံပိုးခရာမှုတ် သောယဇ်ပုရောဟိတ်များရှေ့က လက်နက်ကိုင် တပ်သားများစတင်ချီတက်လေသည်။ သူတို့ နောက်တွင်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် သောယဇ်ပုရောဟိတ်များ၊ သူတို့နောက်တွင် တပ်သားများလိုက်ပါချီတက်ကြသည်။ သူ တို့ချီတက်နေစဉ်ယဇ်ပုရောဟိတ်များက တံပိုးခရာများကိုမှုတ်ကြသည်။- 10 ယောရှုကလူအပေါင်းတို့အား``ငါအမိန့် မပေးမီမည်သူမျှမအော်ဟစ်ရ။ စကား တစ်ခွန်းမျှမပြောရ'' ဟုမှာထားပြီး ဖြစ်၏။- 11 သို့ဖြစ်၍ယောရှုသည်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်အားမြို့ကို ပထမ အကြိမ်လှည့်ပတ်စေ၏။ ထိုနောက်သူတို့သည် စခန်းသို့ပြန်လာ၍တစ်ညတာရပ်နားကြ သည်။
12 နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။- 13 ရှေ့ဆုံးကတပ်သားများ၊ ထိုနောက်တံပိုးခရာ ခုနစ်လုံးကိုမှုတ်သောယဇ်ပုရောဟိတ်ခုနစ် ယောက်၊ သူတို့နောက်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပင့်ဆောင်သောယဇ်ပုရော ဟိတ်များနှင့်နောက်ဆုံးတပ်သားများလိုက် ပါချီတက်ကြ၏။ သူတို့ချီတက်နေစဉ် ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုမှုတ်ကြသည်။- 14 ဒုတိယနေ့၌သူတို့သည်တစ်ဖန်မြို့ကို တစ် ကြိမ်လှည့်ပတ်၍စခန်းသို့ပြန်လာကြလေ သည်။ သူတို့သည်ဤနည်းနှင်နှင်ခြောက်ရက် တိုင်တိုင်မြို့ကိုလှည့်ပတ်ကြသည်။
15 သတ္တမနေ့နံနက်အရုဏ်တက်အချိန်၌သူတို့ သည်နိုးထ၍ ယခင်လှည့်ပတ်နည်းအတိုင်းမြို့ ကိုခုနစ်ကြိမ်လှည့်ပတ်ကြလေသည်။ ထိုနေ့၌ သာမြို့ကိုခုနစ်ကြိမ်တိုင်အောင်လှည့်ပတ်ကြ သည်။- 16 မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။- 17 မြို့နှင့်တကွမြို့တွင်း၌ရှိသမျှသောဥစ္စာ ပစ္စည်းတို့သည်ထာဝရဘုရားအတွက် ပူဇော် သကာအဖြစ်လုံးဝဖျက်ဆီးပစ်ရမည်။ ပြည့် တန်ဆာမရာခပ်သည်ငါတို့၏သူလျှိုများ ကိုဝှက်ထားခဲ့သောကြောင့် သူနှင့်သူ၏အိမ် သူအိမ်သားတို့ကိုသာလျှင်အသက်ချမ်း သာပေးရမည်။- 18 သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။- 19 ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။
20 ထို့ကြောင့်ယဇ်ပုရောဟိတ်တို့တံပိုးခရာ မှုတ်လျှင်မှုတ်ခြင်း လူအပေါင်းတို့သည် တခဲနက်ကြွေးကြော်ရာမြို့ရိုးများပြိုကျ လေ၏။ ဣသရေလအမျိုးသားအပေါင်းတို့ သည်မြို့တွင်းသို့အတားအဆီးမရှိဘဲ ဝင်ရောက်၍မြို့ကိုသိမ်းယူကြ၏။-[a] 21 သူတို့သည်မြို့တွင်း၌ရှိသမျှသောယောကျာ်း၊ မိန်းမအကြီးအငယ်တို့ကိုလည်းကောင်း၊ သိုး၊ နွား၊ မြည်းတို့ကိုလည်းကောင်း၊ ဋ္ဌားဖြင့်သတ် ဖြတ်သုတ်သင်ကြ၏။
22 ထိုနောက်ယောရှုသည်ထိုပြည်ကိုထောက်လှမ်း ခဲ့သောသူလျှိုနှစ်ယောက်တို့အား``သင်တို့သည် ပြည့်တန်ဆာမအားကတိပေးခဲ့သည့်အတိုင်း သူ့အိမ်သူအိမ်သားတို့ကိုခေါ်ဆောင်ခဲ့လော့'' ဟု စေခိုင်းလေ၏။- 23 ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။- 24 ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။- 25 ပြည့်တန်ဆာမရာခပ်သည်ယေရိခေါမြို့ အခြေအနေကိုထောက်လှမ်းရန် စေလွှတ်လိုက် သောသူနှစ်ယောက်တို့ကိုဝှက်ထားခဲ့ခြင်း ကြောင့် ယောရှုသည်သူနှင့်သူ၏ဆွေမျိုးအား လုံးတို့ကိုအသက်ချမ်းသာပေး၏။ (သူ၏ အဆက်အနွယ်တို့သည်ယနေ့တိုင်အောင် ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်လျက်ရှိကြသည်။)[b]
26 ထိုအခါယောရှုက``ယေရိခေါမြို့ကိုပြန် လည်တည်ဆောက်သောသူသည် ထာဝရ ဘုရား၏ကျိန်စာသင့်ပါစေသား။
27 ထာဝရဘုရားသည်ယောရှုနှင့်အတူရှိ တော်မူ၍သူ၏နာမည်သည်တစ်ပြည်လုံး တွင်ထင်ရှားကျော်စောလေ၏။
<- ယောရှု 5ယောရှု 7 ->