5 အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။
13 ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။- 14 ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-[a] 15 သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-) 16 ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊- 17 ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။- 18 ထိမ်းမြားမင်္ဂလာနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံမှလယ်တစ် ကွက်တောင်းရန်တိုက်တွန်းလေသည်။ အာခသ သည်မြည်းပေါ်မှဆင်းလိုက်၏။ ထိုအခါ ကာလက်ကသူ၏သမီးအား``မည်သည့် အရာကိုအလိုရှိသနည်း'' ဟုမေးလျှင်- 19 သူက``ကိုယ်တော်လက်ဖွဲ့သောမြေသည်ခြောက် သွေ့သောအရပ်ဖြစ်ပါသည်။ စမ်းရေတွင်းများ ကိုလည်းပေးပါ'' ဟုတောင်း၏။ ထိုကြောင့် ကာလက်သည်သူ၏သမီးအားအထက်စမ်း ရေတွင်းနှင့်အောက်စမ်းရေတွင်းများကိုပေး လေ၏။
33 တောင်ခြေများရှိမြို့များမှာဧရှတောလ မြို့၊ ဇောရာမြို့၊ အာရှနာမြို့၊- 34-36 ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊- ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေ ကာမြို့၊- ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့နှင့် ဂဒေရောသိမ်မြို့စသောမြို့ကြီးတစ်ဆယ် လေးမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိကျေးရွာ များဖြစ်သည်။
37-40 ထို့အပြင်ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလ ဂဒ်မြို့၊-ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလ မြို့၊- လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊- ကဗ္ဗုန်၊ လာမံမြို့၊ ကိသလိတ်မြို့၊- 41 ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။
42-44 ထို့အပြင်လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊- ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊- ကိလမြို့၊ အောခဇိပ်မြို့နှင့်မရေရှမြို့စသောမြို့ကြီး ကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိကျေးရွာ များလည်းပါဝင်လေသည်။
45 ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊
47 ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။- 48 တောင်ကုန်းဒေသတွင်တည်ရှိသောရှမိရ မြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊- 49 ဒန္နမြို့၊ ကိရယဿန္နမြို့(သို့မဟုတ်ဒေဗိရမြို့၊-) 50 အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊- 51 ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
52-53 ထို့အပြင်အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊- ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊
55-56 ထို့အပြင်မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊- ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာ နောမြို့၊- 57 ကာဣနမြို့၊ ဂိဘာမြို့နှင့်တိမနမြို့စ သောမြို့ကြီးဆယ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
58 ထို့အပြင်ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
60 ထို့အပြင်ကိရယတ်ဗာလမြို့(သို့မဟုတ် ကိရယတ်ယာရိမ်မြို့) နှင့်ရဗ္ဗာမြို့ဟူ၍မြို့ ကြီးနှစ်မြို့နှင့်တကွပတ်ဝန်းကျင်ရှိမြို့ ရွာများလည်းပါဝင်လေသည်။- 61 တောကန္တာရဒေသတွင်ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊- 62 နိဗရှန်မြို့၊ ဣရမေလက်မြို့နှင့်အင်္ဂေဒိမြို့ ဟူ၍မြို့ကြီးခြောက်မြို့နှင့်တကွပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
63 ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။[b]
<- ယောရှု 14ယောရှု 16 ->