4 ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။
5 ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။- 6 ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။- 7 သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။- 8 နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
9 သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။
10 ထာဝရဘုရားက``သင်သည်သင်ကိုယ်တိုင် မစိုက်မပြုစုရဘဲ တစ်ညချင်းတွင်ပင် ပေါက်ပြီးတစ်ညတွင်းပင်သေသွားသော ကြက်ဆူပင်ကိုနှမြောသည်မဟုတ်လော။- 11 ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
<- ယောန 3