6 သခင်ယေရှုက ``ငါ့အချိန်မကျရောက်သေး။ သင်တို့အချိန်ကားအစဉ်ကျရောက်လျက်ရှိ၏။- 7 ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။- 8 ထိုပွဲတော်သို့သင်တို့သွားကြကုန်။ ငါကား ငါ့အချိန်မကျရောက်သေးသဖြင့်သွား လိမ့်မည်မဟုတ်'' ဟုပြန်၍မိန့်တော်မူ၏။- 9 ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ဂါလိလဲပြည်တွင်ဆက်၍နေတော်မူ၏။
14 ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။- 15 ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
16 သခင်ယေရှုက ``ငါဟောပြောသွန်သင်သော တရားသည်ငါ၏တရားမဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်၏တရားဖြစ်၏။- 17 ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။- 18 မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။- 19 မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။
20 လူပရိသတ်က ``သင်သည်နတ်မိစ္ဆာပူးဝင်နေ သူဖြစ်၏။ အဘယ်သူသည်သင့်ကိုသတ်ရန် ကြိုးစားကြံစည်လျက်နေပါသနည်း'' ဟု ဆိုကြ၏။
21 သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။- 22 မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)-[b] 23 ဤသို့လျှင်မောရှေ၏ပညတ်တရားမချိုး ဖောက်ရန် သင်တို့သည်ဥပုသ်နေ့တွင်အရေဖျား လှီးမင်္ဂလာပေးလျှင် ငါသည်ဥပုသ်နေ့၌လူ တစ်ဦးတစ်ယောက်အားပကတိကျန်းမာ လာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့ အားအမျက်ထွက်ကြသနည်း။-[c] 24 အပြင်အပလက္ခဏာကိုထောက်၍မစီရင် မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့'' ဟုမိန့်တော်မူ၏။
28 ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။- 29 ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။
30 လူတို့သည်ကိုယ်တော်အားဖမ်းဆီးရန်အခွင့် ကိုရှာကြံကြသော်လည်းအချိန်မကျသေး သဖြင့် ကိုယ်တော်အားအဘယ်သူမျှမဖမ်း မဆီးကြ။- 31 ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။
35 ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။- 36 သူက `သင်တို့ငါ့ကိုရှာသော်လည်းတွေ့လိမ့်မည် မဟုတ်။ ငါရောက်ရှိမည့်အရပ်သို့သင်တို့မသွား နိုင်ကြ' ဟုဆိုချေသည်။ ဤစကားများ၏အနက် ကားအဘယ်သို့နည်း'' ဟုအချင်းချင်းမေးမြန်း ကြ၏။
41 အချို့သောသူတို့က ``ဤသူသည်မေရှိယ ဖြစ်သည်ဟုဆိုကြ၏။'' သို့ရာတွင်အချို့က မေရှိယသည်ဂါလိလဲပြည်မှပေါ်ထွန်းပါ မည်လော။- 42 မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-[f] 43 သို့ဖြစ်၍ကိုယ်တော်နှင့်ပတ်သက်၍လူပရိသတ် စိတ်သဘောကွဲလွဲလျက်နေကြ၏။- 44 လူအချို့တို့သည်ကိုယ်တော်ကိုဖမ်းဆီးလို ကြ၏။ သို့သော်လည်းအဘယ်သူမျှမဖမ်း မဆီးကြ။
46 အစောင့်တပ်သားများက ``ဤသူဟောပြော သကဲ့သို့မည်သူမျှမဟောစဖူးပါ'' ဟု ဆိုကြ၏။
47 ဖာရိရှဲများက ``သင်တို့သည်လည်းသူ၏လှည့် စားခြင်းကိုခံရကြပြီလော။- 48 ငါတို့ခေါင်းဆောင်များနှင့်ဖာရိရှဲများအထဲ မှတစ်ဦးတစ်ယောက်သည် ထိုသူကိုယုံကြည် ပါသလော။- 49 ဤလူထုသည်ပညတ်တရားကိုမသိသော ကြောင့် ဘုရားသခင်၏ကျိန်ဆဲခြင်းကိုခံကြ ရပြီတကား'' ဟုဆိုကြ၏။
50 ထိုသူအထဲတွင်နိကောဒင်ပါ၏။ သူသည်ယခင် ကသခင်ယေရှု၏ထံတော်သို့လာဖူး၏။-[g] 51 နိကောဒင်က ``ငါတို့တရားအရအဘယ် အမှုကိုကူးလွန်ကြောင်းစစ်ဆေးခြင်းကိုမပြု၊ တရားခံအားချေပပြောဆိုခွင့်ကိုလည်းမပေး ဘဲတစ်စုံတစ်ယောက်ကိုအပြစ်စီရင်နိုင်ပါ သလော'' ဟုဆို၏။
52 ထိုသူတို့က ``သင်သည်လည်းဂါလိလဲပြည် သားပေလော။ ကျမ်းစာတော်ကိုလေ့လာကြည့် ပါလျှင်ဂါလိလဲပြည်မှအဘယ်ပရောဖက် မျှမပေါ်ထွန်းသည်ကိုသင်သိရလိမ့်မည်'' ဟု ဆိုကြ၏။
<- ရှင်ယောဟန် 6ရှင်ယောဟန် 8 ->