1 ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။- 2 ကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။- 3 ထိုအခါမာရိသည်အလွန်အဖိုးထိုက်သော နာဒုဆီမွှေးအစစ်သုံးဆယ်သားကိုယူ၍ သခင်ယေရှု၏ခြေတော်ကိုလိမ်းပြီးနောက် မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဤဆီမွှေး၏ ရနံ့သည်တစ်အိမ်လုံးမွှေးကြိုင်လျက်ရှိ၏။-[a] 4-5 တပည့်တော်တစ်ဦးဖြစ်သူယုဒရှကာရုတ် က ``ဤဆီမွှေးကိုအဘယ်ကြောင့်ဒေနာရိ သုံးရာဖြင့်ရောင်း၍ ဆင်းရဲသူတို့အားမစွန့် မကြဲပါသနည်း'' ဟုဆို၏။ သူသည်နောင် အခါကိုယ်တော်အားရန်သူ့လက်သို့အပ်နှံ မည့်သူဖြစ်သတည်း။- 6 ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
7 သခင်ယေရှုက ``ထိုအမျိုးသမီးကို မနှောင့်ယှက်နှင့်။ သူသည်ငါ့အလောင်းကို သင်္ဂြိုဟ်မည့်အချိန်အတွက်ဤဆီမွှေးကို သိမ်းထားပါလေစေ။- 8 ဆင်းရဲသူတို့သည်သင်တို့နှင့်အမြဲပင် ရှိကြ၏။ ငါမူကားသင်တို့နှင့်အမြဲရှိ မည်မဟုတ်'' ဟုမိန့်တော်မူ၏။[b]
12 နောက်တစ်နေ့၌ပသခါပွဲတော်သို့လာ ကြကုန်သောလူပရိသတ်အပေါင်းတို့သည် ယေရုရှလင်မြို့သို့သခင်ယေရှုကြွလာ တော်မည်ဟုကြားသဖြင့်၊- 13 စွန်ပလွံခက်များကိုကိုင်ဆောင်ကာထွက်သွား ပြီးလျှင် ``ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြလော့။ ထာဝရဘုရား၏နာမတော်နှင့်ကြွ လာသောအရှင်သည်မင်္ဂလာရှိတော်မူစေသတည်း။ ဣသရေလဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း'' ဟုကြွေးကြော်လျက်ကိုယ်တော်အား ကြိုဆိုကြ၏။[c]
14-15 ကျမ်းစာတော်တွင်၊
16 တပည့်တော်တို့သည်ထိုစဉ်အခါကဤ ကျမ်းချက်ကိုနားမလည်ကြ။ သခင်ယေရှု ဘုန်းအသရေပွင့်တော်မူသောအခါကျမှ ဤကျမ်းချက်ကားကိုယ်တော်၏အကြောင်း ဖော်ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ အတွက်ထိုသို့ပြုခဲ့ကြသည်ကိုလည်းကောင်း ပြန်လည်သတိရကြ၏။
17-18 လာဇရုအားသင်္ချိုင်းဂူမှခေါ်ထုတ်၍ရှင်ပြန် စေတော်မူစဉ်အခါကနောက်တော်ပါပရိသတ် သည် အံ့ဖွယ်သောနိမိတ်လက္ခဏာအကြောင်းကို ပြန်ကြားကြသဖြင့် ကြားရသောလူအပေါင်း တို့သည်ကိုယ်တော်ကိုကြိုဆိုရန်လာကြ၏။
19 ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။
22 ဖိလိပ္ပုသည်အန္ဒြေထံသို့သွား၍ထိုအကြောင်းကို ပြောပြ၏။ ထိုနောက်ထိုသူနှစ်ဦးတို့သည်သခင် ယေရှုထံတော်သို့သွား၍ထိုအကြောင်းကိုလျှောက် ထားကြ၏။- 23 သခင်ယေရှုက ``လူသားဘုန်းအသရေပွင့် မည့်အချိန်ကျရောက်လာလေပြီ။- 24 အမှန်အကန်သင်တို့အားငါဆိုသည်ကား ဂျုံစေ့သည်မြေသို့မကျ၊ မကျေမပျက်ဘဲ ရှိပါမူအစေ့တစ်စေ့ထက်ပိုမိုပွားများ လာလိမ့်မည်မဟုတ်။ ကျေပျက်၍သွားလျှင် မူကားများစွာသောသီးနှံတို့ကိုဖြစ်ထွန်း စေတတ်၏။- 25 မိမိအသက်ကိုချစ်သောသူသည်အသက် ဆုံးရှုံးလိမ့်မည်။ ဤလောကတွင်မိမိအသက် ကိုမုန်းသောသူသည် မိမိအသက်ကိုအစဉ် ထာဝရစောင့်ရှောက်ထိန်းသိမ်းလိမ့်မည်။-[e] 26 ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။
29 ထိုနေရာတွင်ရပ်လျက်နေကြသောလူပရိသတ် သည်ထိုအသံကိုကြား၍အချို့က ``မိုးချုန်း သည်'' ဟုဆိုကြ၏။ အချို့ကမူ ``ကိုယ်တော်အား ကောင်းကင်တမန်စကားပြောသည်'' ဟုဆိုကြ၏။
30 သခင်ယေရှုက ``ဤအသံတော်ပေါ်ထွက်လာ ခြင်းသည်ငါ၏အတွက်မဟုတ်။ သင်တို့၏အတွက် ဖြစ်၏။- 31 ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။- 32 ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။- 33 (ဤသို့မိန့်တော်မူရာတွင်မိမိသည်အဘယ် သို့အသေခံရမည်ကိုအရိပ်အမြွက်အား ဖြင့်ဖော်ပြတော်မူခြင်းဖြစ်၏။)
34 လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။ [f]
35 သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။- 36 သို့ဖြစ်၍အလင်းရှိနေခိုက်ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာသင်တို့သည် အလင်း၏သားများဖြစ်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
41 ဟေရှာယသည်သခင်ယေရှု၏ဘုန်းအသရေ ကိုဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဤသို့မြွက်ဆိုခြင်းဖြစ်၏။
42 သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။- 43 သူတို့သည်ကားလူတို့၏အချီးအမွမ်းကို ပို၍နှစ်သက်ကြသူများဖြစ်သတည်း။