4 ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
5 သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။- 6 လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။- 7 ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
8 တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
9 ကိုယ်တော်က ``တစ်နေ့တွင်တစ်ဆယ့်နှစ်နာရီရှိ သည်မဟုတ်လော။ နေ့အချိန်၌သွားလာသူ သည်နေ၏အလင်းရောင်ကိုမြင်ရသဖြင့် ခလုတ်မထိဘဲကောင်းစွာသွားလာနိုင်၏။- 10 ညအချိန်၌သွားလာသူမူကားအလင်း ရောင်ကိုမရသဖြင့် ခလုတ်ထိ၍လဲတတ်၏'' ဟုမိန့်တော်မူ၏။- 11 ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
12 တပည့်တော်တို့က ``အရှင်၊ သူသည်အိပ်ပျော် လျက်နေပါမူကျန်းမာလာပါလိမ့်မည်'' ဟု လျှောက်ကြ၏။
13 သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။- 14 သို့ဖြစ်၍သခင်ယေရှုက ``လာဇရုသည် သေပြီ။- 15 ထိုအရပ်၌ငါမရှိခဲ့သည်မှာသင်တို့ယုံ ကြည်လာကြစေရန်ပင်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သူ့ထံသို့သွားကြကုန်အံ့'' ဟု ပွင့်လင်းစွာမိန့်တော်မူ၏။
16 (အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
20 မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။- 21 မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။- 22 ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။
23 သခင်ယေရှုက ``သင်၏မောင်သည်အသက် ပြန်၍ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
24 မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။- 25 သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။- 26 ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။
27 မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။
32 မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။
33 သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။- 34 ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။
40 သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။- 41 သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။- 42 ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။- 43 ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။- 44 ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
45 ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။- 46 သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။- 47 သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။- 48 သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။
49 ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။- 50 ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။- 51-52 ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။
53 ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။- 54 သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
55 ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။- 56 ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။- 57 ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
<- ရှင်ယောဟန် 10ရှင်ယောဟန် 12 ->