6 သခင်ယေရှုသည်ဤပုံဥပမာကိုထိုသူတို့ အားမိန့်တော်မူသော်လည်း သူတို့သည်ပုံဥပမာ တော်၏အနက်အဋ္ဌိပ္ပါယ်ကိုနားမလည်ကြ။
11 ``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။- 12 သူငှားသည်သိုးထိန်းမဟုတ်။ သိုးရှင်လည်းမဟုတ် သဖြင့် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်၍ထွက်ပြေးတတ်၏။ သို့ဖြစ်၍ဝံပုလွေသည် သိုးတို့ကိုကိုက်ဖမ်း၍ကစဥ့်ကရဲဖြစ်စေ တတ်၏။- 13 သူငှားသည်သူငှားဖြစ်သည့်အလျောက် သိုးတို့ ကိုဂရုမစိုက်ဘဲထွက်ပြေးတတ်၏။- 14-15 ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။-[a] 16 ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
17 ``ငါသည်အသက်ကို တစ်ဖန်ပြန်လည်ရရှိစေ ရန် ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော် သည်ငါ့ကိုချစ်တော်မူ၏။- 18 အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
19 ဤသို့မိန့်တော်မူသောကြောင့်လူတို့သည် စိတ် သဘောကွဲလွဲသွားကြပြန်၏။- 20 လူအချို့တို့က ``ဤသူသည်နတ်မိစ္ဆာစွဲကပ် သောသူရူးဖြစ်၏။ အဘယ်ကြောင့်သူ့စကား ကိုသင်တို့နားထောင်ကြသနည်း'' ဟုဆိုကြ ၏။
21 သို့ရာတွင်အခြားသူတို့က ``နတ်မိစ္ဆာစွဲကပ်သူ သည် ဤသို့သောစကားကိုမပြောမဆိုနိုင်ရာ။ နတ်မိစ္ဆာစွဲကပ်သူသည်အဘယ်သို့လျှင် မျက်မ မြင်များကိုမျက်စိမြင်စေနိုင်ပါမည်နည်း'' ဟုဆိုကြ၏။
25 သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။- 26 သင်တို့သည်ငါ၏သိုးများမဟုတ်သဖြင့် ငါ့ကိုမယုံကြ။- 27 ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။- 28 ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။- 29 သူတို့ကိုငါ့အားပေးသနားတော်မူသော ခမည်းတော်သည်ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍မည်သူမျှသိုး တို့ကိုခမည်းတော်၏လက်မှမလုမယူနိုင်။- 30 ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
31 ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။- 32 သခင်ယေရှုက ``ခမည်းတော်စေခိုင်းတော်မူ သဖြင့် ငါသည်ကောင်းမြတ်သောအမှုများ ကိုပြုခဲ့၏။ ၎င်းအမှုများအနက်အဘယ် အမှုကြောင့်ငါ့အားသင်တို့ခဲနှင့်ပေါက်လို ကြသနည်း'' ဟုမေးတော်မူ၏။
33 သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။[b]
34 သခင်ယေရှုက ``ငါတို့ပညတ်ကျမ်းတွင် ဘုရား သခင်က `သင်တို့သည်ဘုရားများဖြစ်ကြ၏' ဟု ဖော်ပြထားလေသည်။-[c] 35 ကျမ်းစာတော်ဖော်ပြသည့်အရာများသည် အစဉ် မှန်ကန်ကြောင်းကိုငါတို့သိကြ၏။ ဘုရားသခင် ကမိမိ၏တရားတော်ကိုကြားနာရသူတို့အား `ဘုရားများ' ဟုဖော်ပြသည်။- 36 ခမည်းတော်သည်ငါ့ကိုရွေးချယ်၍ ဤလောက သို့စေလွှတ်တော်မူ၏။ သို့ဖြစ်၍ `ငါသည်ဘုရား သခင်၏သားတော်ဖြစ်သည်' ဟုဆိုသောအခါ ငါသည်ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသည်ဟုအဘယ်သို့လျှင်သင်တို့ဆို နိုင်ကြသနည်း။- 37 ခမည်းတော်၏အမှုတော်များကိုငါမဆောင် ရွက်လျှင် ငါ့အားမယုံကြည်ကြနှင့်။- 38 ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
39 ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
40 ကိုယ်တော်သည်ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်ယောဟန်ဗတ္တိဇံင်္မဂလာပေးရာအရပ် သို့ပြန်လည်ကြွသွားတော်မူ၍ထိုအရပ် တွင်နေတော်မူ၏။-[d] 41 လူအများအပြားပင်အထံတော်သို့လာ ကြ၏။ သူတို့က ``ယောဟန်သည်အဘယ်အံ့ ဖွယ်နိမိတ်လက္ခဏာကိုမျှမပြခဲ့။ သို့ရာ တွင်ဤသူအကြောင်းနှင့်ပတ်သက်၍ယောဟန် ပြောသမျှမှန်ပေ၏'' ဟုဆိုကြ၏။- 42 သို့ဖြစ်၍ထိုအရပ်တွင်လူအမြောက်အမြား ပင် ကိုယ်တော်ကိုယုံကြည်လာကြ၏။
<- ရှင်ယောဟန် 9ရှင်ယောဟန် 11 ->