5 ``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။- 6 တိုင်းတစ်ပါးသားများ၊ မိဘမဲ့သူများနှင့် မုဆိုးမများအပေါ်တွင်အခွင့်ကောင်းမယူ ကြနှင့်တော့။ ဤသန့်ရှင်းရာဌာနတော်တွင် အပြစ်မဲ့သူတို့အားသတ်ဖြတ်မှုမပြုကြ နှင့်တော့။ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်မှုသည်သင်တို့အားအကျိုးယုတ်စေ မည်ဖြစ်၍ထိုအမှုကိုရပ်စဲလိုက်ကြလော့။- 7 ဤသို့ပြုပြင်ပြောင်းလဲပါမူငါသည်သင် တို့ဘိုးဘေးများအား အပိုင်ပေးအပ်ခဲ့ သည့်ပြည်တော်တွင်သင်တို့ကိုဆက်လက် ၍ထာဝရနေထိုင်ခွင့်ပြုတော်မူမည်။
8 ``ကြည့်လော့။ သင်တို့သည်လိမ်လည်လှည့် ဖြား၍တန်ဖိုးမရှိသောစကားများကို ယုံကြည်အားကိုးကြ၏။- 9 သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။- 10 သင်တို့သည်ငါစက်ဆုတ်သည့်အမှုများကို ပြုကျင့်ကာငါ၏ဗိမာန်တော်သို့လာ၍ ငါ့ ရှေ့မှောက်၌ရပ်ပြီးလျှင်`ငါတို့သည်ဘေး ကင်းကြပြီ၊ ဤရွံရှာဖွယ်ကောင်းသော အရာတို့ကိုလုပ်နိုင်ကြပြီ' ဟုဆိုကြ၏။- 11 ငါ၏နာမကိုဆောင်သောဗိမာန်တော်ကို ဋ္ဌားပြများပုန်းအောင်းရာအရပ်ဟုသင် တို့ထင်မှတ်သလော။ သင်တို့ပြုသည့်အမှု တို့ကိုငါမြင်တော်မူပြီဟုထာဝရ ဘုရားမိန့်တော်မူ၏။-[a] 12 ``ငါ့အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ် ဦးစွာပထမငါရွေးချယ်ခဲ့သည့် ရှိလောရွာသို့သွား၍ ငါ၏လူမျိုးတော် ဣသရေလပြည်သားတို့ကူးလွန်သည့် ဒုစရိုက်ကြောင့် ထိုရွာအားအဘယ်သို့ ငါပြုခဲ့သည်ကိုကြည့်ရှုကြလော့။-[b] 13 သင်တို့သည်အထက်ကငါဖော်ပြခဲ့သည့် အပြစ်အပေါင်းကိုကူးလွန်ကြလေပြီ။ အကြိမ်ကြိမ်အဖန်ဖန်ငါပြောသော်လည်း သင်တို့နားမထောင်ကြ။ သင်တို့အားငါ ခေါ်သောအခါ၌မထူးကြ။- 14 သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။- 15 ငါသည်သင်တို့၏ဆွေမျိုးဖြစ်သည့်ဧဖရိမ် ပြည်သားတို့အား ငါ့ရှေ့မှောက်မှနှင်ထုတ် သကဲ့သို့သင်တို့အားနှင်ထုတ်မည်'' ဟု ထာဝရဘုရားမိန့်တော်မူခဲ့၏။
21 ဤသို့လျှင်အနန္တတန်ခိုးရှင်ဣသရေလ လူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။ ``ငါ၏လူမျိုးတော်၊ သင်တို့ သည်မိမိတို့စားခွင့်ရှိသည့်ယဇ်များရှိ သလိုယဇ်ပလ္လင်ပေါ်တွင်တင်၍ တစ်ကောင် လုံးမီးရှို့ပူဇော်သည့်ယဇ်များလည်းရှိ သည်။ ထိုယဇ်နှစ်မျိုးစလုံးကိုပင်စား ကြလော့။- 22 သင်တို့၏ဘိုးဘေးများအားအီဂျစ်ပြည် မှထုတ်ဆောင်လာစဉ်အခါက ငါသည်မီး ရှို့ရာပူဇော်သကာများနှင့်ပတ်သက်၍လည်း ကောင်း၊ အခြားပူဇော်ရာယဇ်များနှင့်ပတ် သက်၍လည်းကောင်းအဘယ်ပညတ်ကို မျှမပေးမအပ်ခဲ့။- 23 သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။- 24 သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။- 25 အီဂျစ်ပြည်ကသင်တို့၏ဘိုးဘေးများထွက် လာသောနေ့မှအစပြု၍ ယနေ့တိုင်အောင် ငါသည်မိမိ၏အစေခံပရောဖက်များ ကိုအမြဲတစေ စေလွှတ်ခဲ့၏။- 26 သို့ရာတွင်သင်တို့သည်ငါ့စကားကိုနား မထောင်။ အလေးဂရုလည်းမပြုကြ။ သင် တို့သည်မိမိတို့၏ဘိုးဘေးများထက်ပင် ပိုမို၍ခေါင်းမာပုန်ကန်သူများဖြစ်လာ ကြလေသည်။
27 ``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။- 28 သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ကာ အပြစ် ဒဏ်ခံရမှုမှသင်ခန်းစာကိုခံယူမည့်လူ မျိုးမဟုတ်ကြောင်းကိုသူတို့အားပြော ကြားလော့။ သစ္စာစကားသည်ကွယ်ပျောက် သွားပြီ။ ဟုတ်မှန်ရာကိုမပြောကြတော့ပြီ။
30 ထာဝရဘုရားက``ယုဒပြည်သူတို့သည် ဒုစရိုက်ကိုပြုကျင့်ကြလေပြီ။ သူတို့သည် ငါစက်ဆုတ်သည့်ရုပ်တုများဖြင့် ငါ့နာမ တော်ကိုဆောင်သောအိမ်တော်ထဲသို့ယူဆောင် လာ၍ညစ်ညမ်းစေလေပြီ။- 31 သူတို့သည်မိမိတို့၏သားသမီးများအား မီးရှို့ပူဇော်နိုင်ရန် ဟိန္နုံချိုင့်ဝှမ်းတွင်တောဖက် နာမည်တွင်သောယဇ်ပလ္လင်ကိုတည်ဆောက်ကြ လေပြီ။ ထိုအမှုကိုပြုရန်သူတို့အားငါ မစေခိုင်းခဲ့၊ စိတ်ပင်မကူးခဲ့။-[d] 32 သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။- 33 လူသေအလောင်းတို့သည်ငှက်များနှင့်တော သားရဲတို့၏အစာဖြစ်ကြလိမ့်မည်။ ထို တိရစ္ဆာန်များအားခြောက်လှန့်နှင်ထုတ်မည့် သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည်မဟုတ်။- 34 ငါသည်ယုဒမြို့များနှင့်ယေရုရှလင်လမ်း များတွင်မင်္ဂလာဆောင်ခဲ့၏။ ရွှင်လန်းဝမ်း မြောက်သံများကိုဆိတ်သုဉ်းစေမည်။ ထို ဒေသသည်လူသူကင်းမဲ့လိမ့်မည်။[e]
<- ယေရမိ 6ယေရမိ 8 ->