1 ဇေဒကိသည်နန်းတက်စဉ်အခါကအသက် နှစ်ဆယ့်တစ်နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ် ဆယ့်တစ်နှစ်မျှနန်းစံရလေသည်။ သူ့မယ် တော်မှာလိဗနမြို့သားယေရမိ၏သမီး ဟာမုတလဖြစ်၏။- 2 ဇေဒကိမင်းသည်ယောယကိမ်မင်းကဲ့သို့ ပင်ထာဝရဘုရား၏ရှေ့တော်၌မကောင်း မှုများကိုပြု၏။- 3 ယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။
12 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။- 13 သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-[d] 14 သူ၏တပ်သားများကလည်းမြို့ရိုးများကို ဖြိုချကြ၏။- 15 ထိုနောက်မင်းကြီး၏အစောင့်တပ်မတော်မှူး နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန်ရှိနေ သေးသည့်သူများ၊ လက်မှုပညာသည်အကြွင်း အကျန်များနှင့် ဗာဗုလုန်မြို့သားတို့ဘက် သို့ကူးပြောင်းလာသူများအား ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားလေသည်။- 16 သို့ရာတွင်အလွန့်အလွန်ဆင်းရဲသောသူ အချို့ကိုမူ ယုဒပြည်တွင်ချန်ထားခဲ့၍ စပျစ်ဥယျာဉ်များနှင့်လယ်ယာများတွင် အလုပ်လုပ်စေ၏။
17 ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော် ထဲရှိကြေးဝါတိုင်ကြီးများ၊ ကြေးဝါအောက် ခံခုံများနှင့်ကြေးဝါရေကန်ကြီးကိုအစိတ် စိတ်အမြွှာမြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန် သမျှကိုဗာဗုလုန်ပြည်သို့ယူဆောင်သွား ကြ၏။-[e] 18 သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက် အသုံးပြုသည့်တူရွင်းပြားများ၊ ယဇ်ပလ္လင် ကိုသန့်ရှင်းမှုပြုရာ၌အသုံးပြုသည့် ပြာခွက်များ၊ မီးခွက်များတိုက်ချွတ်ပြင် ဆင်ရာတွင်အသုံးပြုသည့်တန်ဆာပလာ များ၊ ယဇ်ကောင်သွေးခံခွက်ဖလားများ၊ နံ့ သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်း ကိုးကွယ်ဝတ်ပြုရာ တွင်အသုံးပြုသည့်အခြားကြေးဝါ ပစ္စည်းအသုံးအဆောင်များကိုလည်း ယူဆောင်သွားကြ၏။- 19 မီးကျီးခဲများသယ်ယူရာတွင်အသုံးပြု သည့်ခွက်ငယ်များနှင့်အိုးကင်းများ၊ ယဇ် ကောင်သွေးခံခွက်ဖလားများ၊ ပြာခွက်များ၊ မီးတင်ခုံများ၊ နံ့သာပေါင်းကိုမီးရှို့ရာ ခွက်ဖလားများ၊ စပျစ်ရည်ပူဇော်သကာ သွန်းလောင်းရာတွင်အသုံးပြုသည့်ခွက် ဖလားအစရှိသည့်ရွှေသို့မဟုတ်ငွေဖြင့် ပြီးသည့်ပစ္စည်းမှန်သမျှကိုလည်း ယူဆောင် သွားလေသည်။- 20 ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။- 21-22 တိုင်ကြီးနှစ်လုံးသည်ဆင်တူဖြစ်၍အမြင့် နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ်တစ်ဆယ့်ရှစ်ပေ ရှိ၏။ ထိုတိုင်တို့သည်ခေါင်းပွဖြစ်၍ဒုသုံး လက်မရှိလေသည်။ ကြေးဝါတိုင်ထိပ်ပိုင်း များသည်အမြင့်ပေခုနစ်ပေခွဲစီရှိ၍ ယင်း တို့၏ပတ်လည်တွင်သလဲသီးများနှင့်တန် ဆာဆင်ထားသောကွန်ရွက်များရှိ၏။ ယင်း တို့အားလုံးကိုကြေးဝါများနှင့်ပြုလုပ် ထား၏။- 23 တိုင်တစ်တိုင်ရှိကွန်ရွက်များတွင်သလဲသီး အလုံးတစ်ရာရှိ၍ကိုးဆယ့်ခြောက်လုံး ကိုမြေပြင်မှတွေ့မြင်နိုင်လေသည်။
24 ထိုမှတစ်ပါးလည်းမင်းကြီး၏အစောင့်တပ် မတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ၊ သူ၏လက်ထောက်ဇေဖနိနှင့် အခြားအရေးကြီးသည့် ဗိမာန်တော်အရာ ရှိသုံးဦးတို့ကိုခေါ်ဆောင်၍သွား၏။- 25 သူသည်ယုဒတပ်မှူးဟောင်းတစ်ဦး၊ မြို့တွင်း ၌ကျန်ရှိနေသေးသောဘုရင်အတိုင်ပင်ခံ အမတ်ခုနစ်ဦး၊ တပ်မတော်မှတ်တမ်းထိန်း သည့်လက်ထောက်တပ်မှူးနှင့်အခြားအရေး ပါအရာရောက်သူလူခြောက်ဆယ်တို့ကို လည်းယေရုရှလင်မြို့မှခေါ်ဆောင်သွား လေသည်။- 26 နေဗုဇရဒန်သည်ထိုသူတို့ကိုဗာဗုလုန် ဘုရင်ရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားရာ၊- 27 မင်းကြီးသည်ဟာမတ်နယ်မြေရိဗလမြို့ ၌ သူတို့အားရိုက်နှက်၍ကွပ်မျက်စေတော် မူ၏။
31 ဗာဗုလုန်ဘုရင်ဧဝိလမရောဒက်သည် မိမိ နန်းတက်တော်မူသောနှစ်၌ယုဒဘုရင် ယေခေါနိအား အကျဉ်းထောင်မှလွတ်၍ ကရုဏာပြတော်မူ၏။ ဤသို့ဖြစ်ပျက်သည် မှာယေခေါနိအကျဉ်းကျပြီးနောက် သုံး ဆယ့်ခုနစ်နှစ်မြောက်ဒွါဒသမလ၊ နှစ် ဆယ့်ငါးရက်နေ့ဖြစ်သတည်း။- 32 ဧဝိလမရောဒက်သည်ယေခေါနိအား ကြင်နာစွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင် သူနှင့်အတူပြည်နှင်ဒဏ်သင့်သူအခြား ဘုရင်များထက်ပိုမိုချီးမြှင့်မြှောက်စား တော်မူ၏။- 33 သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များ ကိုလဲခွင့်ရလျက် အသက်ရှင်သမျှကာလ ပတ်လုံးမင်းကြီးနှင့်အတူပွဲတော်တည် ခွင့်ကိုရရှိ၏။- 34 ထို့ပြင်မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်သူ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်မှန် မှန်အသုံးစရိတ်ကိုလည်းရရှိလေသည်။ ပရောဖက်ယေရမိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
<- ယေရမိ 51