3 ``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
6 ``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။- 7 သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
8 ``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။-[b] 9 ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။- 10 ဗာဗုလုန်ပြည်သည်လုယက်ခြင်းကိုခံရ လိမ့်မည်။ လုယက်သူတို့သည်လည်း မိမိတို့ အလိုရှိသည့်ပစ္စည်းဥစ္စာမှန်သမျှကိုသိမ်း ယူကြလိမ့်မည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
14 ``လေးသမားတို့၊ စစ်ရေးစစ်ရာခင်းကျင်း လျက်ဗာဗုလုန်မြို့ကိုတိုက်ခိုက်ဝိုင်းရံကြ လော့။ ဗာဗုလုန်မြို့သည်ငါထာဝရဘုရား အားပြစ်မှားလေပြီ။ သို့ဖြစ်၍သင်တို့၏ မြားရှိသမျှကိုထိုမြို့ထဲသို့ပစ်လွှတ် ကြလော့။- 15 မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။- 16 ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။
28 (ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
29 ``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-[c] 30 သူတို့၏လူငယ်လူရွယ်များသည်မြို့လမ်း များပေါ်တွင်အသတ်ခံရကြလိမ့်မည်။ သူ တို့၏စစ်သည်တပ်သားအပေါင်းတို့သည် လည်းထိုနေ့၌သုတ်သင်ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
31 ``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။- 32 မာန်မာနထောင်လွှားသည့်သင်တို့နိုင်ငံသည် ခြေချော်၍လဲလိမ့်မည်။ သင့်အားပြန်ထရန် အဘယ်သူမျှကူမလိမ့်မည်မဟုတ်။ ငါ သည်သင်တို့၏မြို့များကိုမီးလောင်ကျွမ်း စေမည်ဖြစ်၍ သင်တို့ပတ်လည်တွင်ရှိသမျှ သောအရာတို့သည်ပျက်စီးလိမ့်မည်'' ဟု မိန့်တော်မူ၏။
33 အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဣသ ရေလနှင့်ယုဒပြည်သားတို့သည်ညှင်းပန်း နှိပ်စက်ခြင်းကိုခံရကြ၏။ ဖမ်းဆီးသိမ်းယူ သွားသူများသည်သူတို့အားကြပ်တည်းစွာ အစောင့်ချ၍ထားကြ၏။ သူတို့ကိုထွက်ခွာ သွားခွင့်မပြုကြ။- 34 သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
39 ``သို့ဖြစ်၍ဗာဗုလုန်မြို့သည်နတ်ဆိုးများ၊ ဆိုးညစ်သောဝိညာဉ်များနှင့် ငှက်ဆိုးများ ခိုအောင်းရာဖြစ်လိမ့်မည်။ ထိုမြို့သည်နောင် ကာလအစဉ်အဆက်လူသူကင်းမဲ့ရာ အရပ်ဖြစ်လိမ့်မည်။-[d] 40 သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။[e]
44 ``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။- 45 သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။- 46 ဗာဗုလုန်မြို့ပြိုလဲသောအခါကြီးစွာ သောအသံဖြစ်ပေါ်လာသဖြင့် ကမ္ဘာမြေ ကြီးသည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက် လန့်အော်ဟစ်ကြသောအသံများကိုလည်း လူမျိုးတကာတို့ကြားရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။