6-7 ထာဝရဘုရားသည်ငါ့အား``သင်၏ဦးရီး ရှလ္လုံ၏သားဟာနမေလသည်အာနသုတ် တွင်ရှိသည့် မိမိ၏လယ်မြေကိုဝယ်ယူရန် သင့်အားပြောကြားလာလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သင်သည်သူနှင့်အနီးဆုံး ဆွေမျိုးတော်စပ်သဖြင့် ထိုမြေကွက်ကို ဝယ်ယူပိုင်ခွင့်ရှိသူဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။- 8 ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊- 9 ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။- 10 ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။- 11 ထိုနောက်ငါသည်နှစ်ဦးနှစ်ဝသဘောတူညီ ချက်နှင့်စည်းကမ်းသတ်မှတ်ချက်များပါရှိ သည့် ချိပ်တံဆိပ်နှိပ်ထားသောစာချုပ်တစ် စောင်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထားသည့် စာချုပ်လက်ခံတစ်စောင်ကိုယူ၍၊- 12 မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။- 13 ငါသည်ထိုသူအားလုံးတို့၏ရှေ့၌ဗာရုတ် အား၊- 14 ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားကသင့် အား`ဤချိပ်တံဆိပ်ခတ်နှိပ်ထားသည့်မြေ ဝယ်စာချုပ်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထား သည့်စာချုပ်တို့ကိုယူ၍ နှစ်ပေါင်းများစွာ မပျက်မစီးဘဲရှိစေရန်မြေအိုးထဲတွင် ထည့်ထားရမည်ဟုမိန့်တော်မူလေပြီ။- 15 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။
24 ``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။- 25 သို့ရာတွင် အို ထာဝရအရှင်ဘုရားသခင်၊ ဤမြို့ကိုဗာဗုလုန်ပြည်သားတို့သိမ်းပိုက် အံ့ဆဲဆဲ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးအားအသိသက်သေများရှေ့တွင် လယ်မြေကိုဝယ်ယူရန်အမိန့်ပေးတော် မူပါသည်တကား'' ဟုလျှောက်လေ၏။
26 ထိုအခါထာဝရဘုရားကငါ့အား၊- 27 ``ငါသည်လူသားအပေါင်းတို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်၏။ ငါမတတ် နိုင်လောက်အောင်ခက်ခဲသည့်အမှုအရာ ဟူ၍မရှိ။- 28 ထို့ကြောင့်ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့် သူ့တပ်မတော်၏လက်သို့ ပေးအပ်မည်။ သူတို့သည်ဤမြို့ကိုသိမ်းယူ ကြလိမ့်မည်။-[b] 29 ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။- 30 ဣသရေလနှင့်ယုဒပြည်သားတို့သည်ရှေး မဆွကပင်လျှင်အစပြု၍ ငါမနှစ်သက် သည့်အမှုများကိုသာလျှင်ပြုခဲ့ကြပေ သည်။ ဣသရေလပြည်သားတို့သည်မိမိ တို့သွန်းလုပ်သည့်ရုပ်တုများအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ၏။- 31 ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။- 32 ဣသရေလပြည်သားများနှင့်ယုဒပြည် သားများ၊ သူတို့၏ဘုရင်များနှင့်မှူးမတ် များ၊ ယဇ်ပုရောဟိတ်များနှင့်ပရောဖက် များ၊ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင် နေထိုင်ကြသူတို့ပြုကျင့်သည့်မကောင်းမှု များအတွက် ငါသည်ဤမြို့ကိုပျက်သုဉ်း စေရန်စိတ်ပိုင်းဖြတ်ထားလေပြီ။- 33 သူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။- 34 သူတို့သည်ငါ၏နာမတော်ဖြင့်တည်ဆောက် ထားသည့်ဗိမာန်တော်တွင် ရွံရှာဖွယ်ကောင်း သောရုပ်တုများကိုထားရှိလျက်ညစ် ညမ်းစေကြ၏။-[c] 35 သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။[d]
42 ``ငါသည်ဤဘေးအန္တရာယ်ဆိုးကို သူတို့ အပေါ်သို့သက်ရောက်စေခဲ့သည့်နည်းတူ သူ တို့အားငါကတိရှိခဲ့သည့်ကောင်းကျိုး ချမ်းသာမှန်သမျှကိုခံစားစေမည်။- 43 ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။- 44 လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။
<- ယေရမိ 31ယေရမိ 33 ->