3 သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။
4 သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
5 သို့ဖြစ်၍ရှံဆုန်သည်မိမိ၏မိဘတို့နှင့် အတူတိမနမြို့သို့သွားလေသည်။ သူတို့ သည်စပျစ်ဥယျာဉ်များကိုဖြတ်သန်းသွား ကြစဉ် ခြင်္သေ့ငယ်တစ်ကောင်ဟောက်လျက်နေ သံကိုရှံဆုန်ကြားရ၏။- 6 ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။
7 ထိုနောက်သူသည်သူငယ်မထံသို့သွား၍ တွေ့ဆုံစကားပြောကြည့်ရာသူငယ်မကို နှစ်သက်သဘောကျလေသည်။- 8 ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။- 9 သူသည်ပျားရည်အနည်းငယ်ကိုလက်ထဲ သို့ခြစ်ယူကာခရီးပြုရင်းစား၏။ မိဘ တို့ထံသို့ရောက်သောအခါ၌သူတို့အား လည်းအနည်းငယ်ပေး၍စားစေ၏။ သို့ရာ တွင်ပျားရည်ကိုခြင်္သေ့အသေကောင်၏ အထဲမှရရှိကြောင်းကိုမူရှံဆုန်သည် သူတို့အားမပြောချေ။
10 သူ၏ဖခင်သည်ချွေးမ၏အိမ်သို့တစ်ဖန် သွားရောက်၏။ ရှံဆုန်သည်လူပျိုလူရွယ်တို့ ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းစားသောက် ပွဲကိုကျင်းပ၏။- 11 အရပ်သားတို့သည်သူ့ကိုမြင်လျှင်လူပျို လူရွယ်သုံးဆယ်ကိုသူနှင့်အတူပွဲခံစေ ခြင်းငှာစေလွှတ်လိုက်ကြ၏။- 12 ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။- 13 မဖော်နိုင်လျှင်ငါ့အားသင်တို့ကခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ပေးကြရမည်'' ဟုဆို၏။
14 ရှံဆုန်က၊
15 လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။
16 ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။
19 ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။- 20 သူ၏ဇနီးကိုမင်္ဂလာဆောင်ပွဲတွင်ရှံဆုန် ၏လူပျိုရံဖြစ်သူနှင့်ပေးစားလိုက်ကြ၏။
<- သူကြီး 13သူကြီး 15 ->