5 အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။- 6 ထာဝရဘုရားသည်ပြင်းထန်သောမိုးကြိုး မုန်တိုင်းများ၊ မြေငလျင်များအားဖြင့်မြည် ဟည်းကာ သင်တို့ကိုကယ်ဆယ်တော်မူလိမ့် မည်။ ကိုယ်တော်သည်လေပြင်းမုန်တိုင်းများ နှင့်မီးလျှံကိုစေလွှတ်တော်မူလိမ့်မည်။- 7 ထိုအခါထာဝရဘုရား၏ယဇ်ပလ္လင်တော် မြို့ကိုတိုက်ခိုက်ကြသည့်စစ်တပ်အပေါင်းနှင့် သူတို့၏လက်နက်တန်ဆာရှိသမျှသည်အိပ် မက်ကဲ့သို့လည်းကောင်း၊ ညဥ့်အခါစိတ်ကူး ယဉ်မှုကဲ့သို့လည်းကောင်းကွယ်ပျောက်သွား လိမ့်မည်။- 8 ယေရုရှလင်မြို့ကိုတိုက်ကြသည့်လူမျိုး အပေါင်းတို့သည် အိပ်မက်တွင်အစားအသောက် များကိုစားရ၍ အိပ်ရာမှနိုးထချိန်၌မွတ် သိပ်မြဲမွတ်သိပ်လျက်နေသူနှင့်လည်းကောင်း၊ အိပ်မက်တွင်ရေကိုသောက်ရ၍ အိပ်ရာမှနိုး ထချိန်ရေငတ်မြဲငတ်လျက်နေသူနှင့် လည်းကောင်းတူလိမ့်မည်။
13 ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-[b] 14 သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။[c]
17 စကားပုံရှိသကဲ့သို့ မကြာမီပင်တော နက်သည်လယ်ပြင်ဖြစ်၍လာလိမ့်မည်။ လယ် ပြင်သည်လည်းသစ်တောပြန်၍ဖြစ်လာ လိမ့်မည်။
18 ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။- 19 ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။- 20 သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။- 21 ဘုရားသခင်သည်သူတစ်ပါးတို့ကို အသရေဖျက်သူများ၊ ရာဇဝတ်သင့်သူ တို့ကိုအပြစ်ဒဏ်နှင့်ကင်းလွတ်အောင်ဆောင် ရွက်ကြသူများနှင့်ရိုးဖြောင့်သူတို့တရား မျှတစွာစီရင်ဆုံးဖြတ်ခြင်းမခံရစေ ရန်လိမ်လည်၍ သက်သေခံသောသူတို့ အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
22 ထို့ကြောင့်အာဗြဟံအားဆင်းရဲဒုက္ခမှ ကယ်ဆယ်တော်မူခဲ့သည့်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``အို ငါ၏လူမျိုးတော်၊ သင်တို့ သည် အသရေပျက်ရကြတော့မည်မဟုတ်။ အရှက်ရ၍မျက်နှာပျက်ရကြတော့မည် မဟုတ်။- 23 သင်တို့သည်ငါပေးသနားမည့်သားသမီး များကိုတွေ့မြင်ကြရလိမ့်မည်။ ထိုအခါ ငါသည်ဣသရေလအမျိုးသားတို့၏သန့် ရှင်းမြင့်မြတ်သောဘုရားဖြစ်တော်မူကြောင်း သင်တို့သိမှတ်ကြလိမ့်မည်။ ငါ့အားလေးစား ကြည်ညိုကာရိုသေလေးစားကြောက်ရွံ့ကြ လိမ့်မည်။- 24 လူမိုက်များသည်အသိတရားရှိ၍လာ လိမ့်မည်။ ညည်းညူနေသူများနှင့်ခေါင်းမာ နေသူများသည်လည်း ဆုံးမသြဝါဒ ကိုဝမ်းမြောက်စွာခံယူကြလိမ့်မည်။''
<- ဟေရှာယ 28ဟေရှာယ 30 ->