1 သင်တို့သည်အမင်္ဂလာရှိကြ၏။ ငါ၏လူမျိုး တော်အားနှိပ်စက်ညှင်းဆဲရန်မတရားသည့် ဥပဒေများကိုထုတ်ကြ၏။- 2 ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။- 3 သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။- 4 သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
7 သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊- 8 ``ငါ၏တပ်မှူးမှန်သမျှတို့သည်ဘုရင် များဖြစ်ကြပါသည်တကား။- 9 ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။- 10 ရုပ်တုကိုးကွယ်သည့်တိုင်းပြည်များကိုအပြစ် ဒဏ်ပေးရန် ငါသွားရောက်ခဲ့၏။ ထိုတိုင်းပြည် တွင် ယေရုရှလင်မြို့နှင့်ဒမာသက်မြို့များ မှာထက် ရုပ်တုဆင်းတုပေါများသည်သာ တည်း။- 11 ရှမာရိမြို့ကိုရုပ်တုဆင်းတုများနှင့်တကွ ငါ သုတ်သင်ဖျက်ဆီးပြီးလေပြီ။ ယေရုရှလင် မြို့နှင့်ထိုမြို့သားတို့ဝတ်ပြုကိုးကွယ်သည့် ရုပ်တုများကိုလည်း ထိုနည်းတူငါပြုမည်'' ဟုဝါကြွား၏။
12 သို့ရာတွင်ထာဝရဘုရားက``ငါသည်ဇိအုန် တောင်နှင့်ယေရုရှလင်မြို့တွင်ဆောင်ရွက်ရန် အမှုပြီးစီးသောအခါ၊ အာရှုရိဘုရင် အား မိမိ၏ဝါကြွားမှုနှင့်မာန်မာနကြီး မှုတို့အတွက်အပြစ်ဒဏ်ခတ်မည်'' ဟုမိန့် တော်မူ၏။
13 အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။- 14 ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံတို့သည်ငှက်သိုက်နှင့် တူ၍ ငါသည်ထိုနိုင်ငံတို့၏စည်းစိမ်ဥစ္စာကို ငှက်ဥများသဖွယ်လွယ်ကူစွာသိမ်းယူခဲ့ လေပြီ။ အဘယ်သူမျှအတောင်ကိုမခတ်၊ ပါးစပ်ကိုမဟရဲကြဟုဝါကြွားလေ သည်။
15 သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
16 အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။- 17 ဣသရေလအမျိုးသားတို့၏အလင်းဖြစ် တော်မူ၍ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်သည်ဆူးပင်အမျိုးမျိုးပါမကျန် ခပ်သိမ်းသောအရာတို့ကို တစ်နေ့ချင်း၌ ကျွမ်းလောင်စေတတ်သောမီးကဲ့သို့ဖြစ် လိမ့်မည်။- 18 သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။- 19 သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
33 အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။- 34 တောနက်အတွင်းမှသစ်ပင်တို့သည်ပုဆိန် ဒဏ်ဖြင့်လဲကျရသကဲ့သို့၊ လေဗနုန်တော မှအဖိုးအတန်ဆုံးသောသစ်ပင်များလဲ ကျကြသကဲ့သို့သူတို့အားထာဝရ ဘုရားသည်ပြိုလဲစေတော်မူလိမ့်မည်။
<- ဟေရှာယ 9ဟေရှာယ 11 ->