1 ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။- 2 ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
7 ``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
13 ``သူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံ ရပြီ။ ငါ့ကိုစွန့်ခွာ၍ပုန်ကန်ကြပြီ။ သို့ ဖြစ်၍သူတို့သည်ပျက်စီးဆုံးရှုံးရလိမ့် မည်။ ငါသည်သူတို့ကိုကယ်တင်လိုသော် လည်းသူတို့သည်ငါ့အားမှန်သောကိုး ကွယ်မှုမပြုကြ၊ လိမ်လည်လှည့်ဖြား ကြ၏။- 14 သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။- 15 ငါသည်သူတို့ကိုပြုစုစောင့်ရှောက်၍ခွန် အားကြီးလာစေသော်လည်းသူတို့သည် ငါ့အားတော်လှန်ပုန်ကန်ကြ၏။- 16 သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။
<- ဟောရှေ 6ဟောရှေ 8 ->