1 ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။- 2 သူကိုယ်တိုင်၌ပင်လျှင်အားနည်းချက်အမျိုး မျိုးရှိသဖြင့် အသိပညာကင်းမဲ့၍မှားယွင်း သူတို့အားကိုယ်ချင်းစာတရားထားနိုင်၏။- 3 သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-[a] 4 အဘယ်သူမျှမိမိကိုယ်ကို ယဇ်ပုရောဟိတ် မင်းအဖြစ်ဖြင့်မခန့်ထားနိုင်။ ဘုရားသခင် သည်အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားတော်မူသကဲ့သို့ ကိုယ်တော်၏ရွေး ကောက်ခန့်ထားခြင်းခံရမှသာလျှင် ယဇ် ပုရောဟိတ်မင်းဖြစ်နိုင်ပေသည်။[b]
5 ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊
7 ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-[e] 8 ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။- 9 ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊- 10 ကိုယ်တော်အားမေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု အမည်နာမကိုဘုရားသခင်ပေးတော်မူ သတည်း။