ဟေဗြဲသြဝါဒစာ နိဒါန်း ဟေဗြဲသြဝါဒစာသည်တိုက်ခိုက်ထိုးနှက်မှု ကြီးမားလာသဖြင့်ခရစ်ယာန်ဘာသာကိုစွန့် လွှတ်ခါနီးအခြေအနေသို့ရောက်ရှိနေသည့် ခရစ်ယာန်လူတစ်စုထံသို့ရေးသားသည့်စာ ဖြစ်၏။ စာရေးသူသည်ယင်းစာတွင်ယေရှုခရစ် သည်ဘုရားသခင်၏ဗျာဒိတ်တော်ကိုအပြီး အပိုင်မှန်ကန်စွာဖော်ပြတော်မူကြောင်းကို အဋ္ဌိကအားဖြင့်တင်ပြလျက်ထိုလူစုကို အားပေးသည်။ ယင်းသို့တင်ပြရာတွင်သစ္စာ တရားသုံးပါးကိုအလေးပေး၍တင်ပြပေ သည်။ ယင်းတို့မှာ (၁) သခင်ယေရှုသည်ဒုက္ခ ဝေဒနာခံတော်မူခြင်းအားဖြင့်ခမည်း တော်ဘုရား၏စကားကိုအမှန်တကယ် နားထောင်တော်မူသောထာဝရသားတော် ဖြစ်ကြောင်း။ ဘုရားသခင်၏သားတော်အဖြစ် ကိုယ်တော်သည်ဋ္ဌမ္မဟောင်းကျမ်းရှိပရောဖက် များ၊ ကောင်းကင်တမန်များနှင့်မောရှေထက် သာ၍ကြီးမြတ်တော်မူကြောင်း (၂) သခင်ယေရှု သည်ဋ္ဌမ္မဟောင်းကျမ်းရှိယဇ်ပုရောဟိတ်များ ထက်သာ၍ကြီးမြတ်သည့်ထာဝရယဇ်ပု ရောဟိတ်ဖြစ်တော်မူကြောင်း (၃) ယုံကြည်သူ တို့သည်သခင်ယေရှုအားဖြင့်အပြစ်ဒုစရိုက်၊ ကြောက်စိတ်နှင့်သေခြင်းတရားတို့မှလွတ် မြောက်ခွင့်ကိုရရှိကြကြောင်း၊ ယုဒဘာသာ ကိုးကွယ်မှုဆိုင်ရာထုံးနည်းများနှင့်ပူဇော် သောယဇ်ကောင်များသည်ကယ်တင်ခြင်းတရား ကိုထောက်ပြရုံသာထောက်ပြနိုင်ကြောင်း၊ သို့ ရာတွင်သခင်ယေရှုသည်ယဇ်ပုရောဟိတ် မင်းအဖြစ်ကယ်တင်ခြင်းတရားအစစ် အမှန်ကိုပေးပိုင်သောအရှင်ဖြစ်တော်မူ ကြောင်းဖော်ပြထားသည်။ စာရေးသူသည်ဣသရေလသမိုင်းတွင်ထင်ပေါ် ကျော်စောသောပ္ဂိုလ်အချို့တို့ကဘုရားသခင် အားယုံကြည်ပုံကိုဥပမာပေး၍ (အခန်း ၁၁) စာဖတ်သူတို့သည်ကိုယ်တော်အားဆက်လက် သစ္စာရှိကြရန်၊ (အခန်း၁၂) တွင်သခင်ယေရှုအား မျက်ခြေမပြတ်စေဘဲဆက်လက်၍အဆုံး တိုင်အောင်သစ္စာရှိကြရန်နှင့်မိမိတို့ကြုံတွေ့ ရမည့်ဆင်းရဲဒုက္ခများနှင့်ညှဉ်းပန်းနှိပ်စက် ခြင်းများကိုခံနိုင်ရည်ရှိကြရန်တိုက်တွန်း ထား၏။ ထို့နောက်အကြံပေးစကားများ သတိပေးစကားများနှင့်နိဂုံးချုပ်လေသည်။ အကြောင်းအရာအကျဉ်းချုပ် နိဒါန်း၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုအပြီး အပိုင်ဖော်ပြတော်မူသောခရစ်တော် ၁:၁-၃ ခရစ်တော်သည်ကောင်းကင်တမန်များထက်သာ၍ ကြီးမြတ်တော်မူခြင်း ၁:၄-၂:၁၈ ခရစ်တော်သည်မောရှေနှင့်ယောရှုတို့ထက်သာ၍ ကြီးမြတ်တော်မူခြင်း ၃:၁-၄:၁၃ ခရစ်တော်သည်သာ၍ကြီးမြတ်သည့် ယဇ်ပုရောဟိတ်ဖြစ်တော်မူခြင်း ၄:၁၄-၇:၂၈ ခရစ်တော်၏ပဋိညာဉ်တော်သည်သာ၍ ကြီးမြတ်ခြင်း ၈:၁-၉:၂၈ ခရစ်တော်ပူဇော်သည့်ယဇ်သည်သာ၍ ကြီးမြတ်ခြင်း ၁၀:၁-၃၉ ယုံကြည်ခြင်းသည်အဋ္ဌိကဖြစ်ခြင်း ၁၁:၁-၁၂:၂၉ နောက်ဆုံးတိုက်တွန်းနှိုးဆော်ချက်များ နှင့်နိဂုံး ၁၃:၁-၂၅
1သားတော်မှတစ်ဆင့်ပေးတော်မူသော ဗျာဒိတ်တော် 1 အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။- 2 သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။- 3 သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။ သားတော်သည်ကြီးမြတ်တော်မူခြင်း 4 သားတော်အားဘုရားသခင်ပေးအပ်တော်မူ သောဘွဲ့နာမတော်သည် ကောင်းကင်တမန်တို့၏ အမည်နာမထက်ကြီးမြတ်တော်မူသည်နည်းတူ သားတော်သည်ကောင်းကင်တမန်များထက်သာ လွန်ကြီးမြတ်တော်မူပေသည်။- 5 ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊ အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်း မိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။-[a] 6 သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်'' ဟုမိန့်တော်မူ၏။-[b] 7 ကောင်းကင်တမန်များအကြောင်းကိုဖော်ပြရာ၌ ``ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို လေကဲ့သို့ဖြစ်စေတော်မူ၏။ မိမိ၏အစေခံများကိုမီးလျှံကဲ့သို့ဖြစ်စေ တော်မူ၏'' ဟုမိန့်တော်မူ၏။-[c] 8 သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊ ``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။[d] 9 ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာ ရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်'' ဟုမိန့်တော်မူ၏။- 10 ထိုနောက်ကိုယ်တော်က၊ ``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။[e] 11 ထိုအရာတို့သည်ယိုယွင်းပျက်စီးသွား ကြမည်ဖြစ်သော်လည်း၊ ကိုယ်တော်ရှင်မူကားအမြဲတည်တော်မူပါ၏။ ထိုအရာအားလုံးသည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ 12 ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။ သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။ အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။13 ဘုရားသခင်က၊
``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ ငါ၏လက်ယာဘက်တွင်ထိုင်နေလော့'' ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။[f]14 ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
ဟေဗြဲ 2 ->
13 ဘုရားသခင်က၊
14 ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
ဟေဗြဲ 2 ->