5 ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊- 6 လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။- 7 ကိုယ်တော်သည်လွန်စွာစိတ်မသာဖြစ်တော်မူ သဖြင့် ``ငါဖန်ဆင်းခဲ့သောလူတို့ကို ကမ္ဘာပေါ် မှငါသုတ်သင်ပစ်မည်။ တိရစ္ဆာန်နှင့်ငှက်တို့ကို လည်းငါသုတ်သင်ပစ်မည်။ သူတို့ကိုဖန်ဆင်း မိ၍ ငါသည်စိတ်တော်မချမ်းမသာဖြစ်ရ ၏'' ဟုမိန့်တော်မူ၏။- 8 နောဧသည်ကားထာဝရဘုရားစိတ်တော် နှင့်တွေ့သောသူဖြစ်သတည်း။[d]
13 ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။- 14 သင့်အတွက်သင်္ဘောတစ်စင်းကိုသစ်သားကောင်း ဖြင့်တည်ဆောက်လော့။ အခန်းများဖွဲ့၍အတွင်း အပြင်ကိုကတ္တရာစေးသုတ်လော့။- 15 သင်္ဘောကိုအလျားပေလေးရာငါးဆယ်၊ အနံ ပေခုနစ်ဆယ့်ငါး၊ အမြင့်ပေလေးဆယ်ငါး ရှိစေရမည်။- 16 သင်္ဘောအပေါ်၌အမိုးတင်၍သင်္ဘောနံဘေး ပတ်လည်ကို အမိုးနှင့်တစ်ဆယ်ရှစ်လက်မကွာ စေရမည်။ အထပ်သုံးထပ်အဆင့်ဆင့်တည်၍ ဘေးဘက်တွင်တံခါးတစ်ပေါက်ဖောက်ရမည်။- 17 သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။- 18 သို့ရာတွင်ငါသည်သင်နှင့်ပဋိညာဉ်ဖွဲ့မည်။ သင် နှင့်တကွသင်၏မယား၊ သားများနှင့်သူတို့ ၏မယားတို့အားသင်္ဘောပေါ်သို့တက်စေလော့။- 19-20 အသက်ချမ်းသာရာရစေရန်တိရစ္ဆာန်နှင့်ငှက် အမျိုးမျိုးမှ အဖိုနှင့်အမတစ်စုံစီတို့ကို သင်နှင့်အတူသင်္ဘောထဲသို့ဝင်စေလော့။- 21 သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။- 22 နောဧသည်ဘုရားသခင်မိန့်မှာတော်မူသည့် အတိုင်းဆောင်ရွက်လေ၏။ [f]
<- ကမ္ဘာဦး 5ကမ္ဘာဦး 7 ->