5 ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။- 6 သင်၌နောက်ထပ်သားများရလျှင်ထိုသား တို့သည်ငါ၏သားများမဟုတ်။ ထိုသားတို့ သည်ဧဖရိမ်နှင့်မနာရှေတို့မှတစ်ဆင့် သာအမွေဆက်ခံခွင့်ရှိစေမည်။- 7 ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။)✡က၊ ၃၅:၁၆-၁၉။
8 ယာကုပ်သည်ယောသပ်၏သားနှစ်ယောက် ကိုမြင်လျှင်``ဤသူငယ်တို့သည်မည်သူနည်း'' ဟုမေး၏။
9 ယောသပ်က``ဘုရားသခင်ကအီဂျစ် ပြည်တွင် ကျွန်တော်အားပေးသနားတော် မူသောသားများဖြစ်ပါသည်'' ဟုဖြေ၏။
17 ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊- 18 ``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
19 သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
20 သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။✡ဟေဗြဲ၊ ၁၁:၂၁။
21 ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။- 22 ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။