1 ဧဒုံဟူ၍လည်းနာမည်တွင်သောဧသော ၏အဆက်အနွယ်တို့ကိုဖော်ပြပေအံ့။- 2 ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-[a] 3 နဗာယုတ်၏နှမဖြစ်သူဗာရှမတ်ဖြစ် သတည်း။-[b] 4 အာဒသည်သားဧလိဖတ်ကိုလည်းကောင်း၊ ဗာရှမတ်သည်သားရွေလကိုလည်းကောင်း၊- 5 အဟောလိဗာမသည်သားယုရှ၊ ယာလံနှင့် ကောရတို့ကိုလည်းကောင်းဖွားမြင်လေသည်။ ဤသားတို့သည်ခါနာန်ပြည်တွင်ဖွားမြင် သောဧသော၏သားများဖြစ်ကြသည်။
6 ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။- 7 သူနှင့်ယာကုပ်တို့တွင်သိုး၊ ဆိတ်စသော တိရစ္ဆာန်အလွန်များပြားလာသဖြင့် စားနပ် ရိက္ခာမလောက်မငဖြစ်၍တစ်ရပ်တည်း၌ အတူမနေနိုင်ကြချေ။- 8 သို့ဖြစ်၍ဧသောသည်ဧဒုံတောင်တန်းဒေသ သို့ပြောင်းရွှေ့နေထိုင်လေသည်။
9 ဧဒုံတောင်တန်းဒေသတွင်နေထိုင်သော ဧဒုံ အမျိုးသားတို့၏ဖခင်ဧသော၏ အဆက် အနွယ်တို့ကိုဖော်ပြပေအံ့။- 10-13 ဧသော၏မယားအာဒနှင့်ရသောသားမှာ ဧလိဖတ်ဖြစ်၏။ ဧလိဖတ်တွင်တေမန်၊ သြမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်ဟူ၍သားငါးယောက် ရှိ၏။ ဧလိဖတ်တွင်မယားငယ်တိမနနှင့်အာ မလက်နာမည်ရှိသောသားတစ်ယောက်ရသေး၏။
14 ဇိဘောင်၏သားအာန၏သမီးဖြစ်သောဧသော ၏မယား အဟောလိဗာမတွင်ယုရှ၊ ယာလံ၊ ကောရဟူ၍သားသုံးယောက်ရှိ၏။
15 ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊- 16 ကောရ၊ ဂါတံ၊ အာမလက်တို့၏ဘိုးဘေးဖြစ် ၏။ ဤသူတို့သည်ဧသော၏မယားအာဒ၏ အဆက်အနွယ်များဖြစ်ကြ၏။
17 ဧသော၏သားရွေလသည်အနွယ်အကြီးအကဲ ဖြစ်ကြသော နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇတို့၏ဘိုးဘေး ဖြစ်၏။ ဤသူတို့သည်ဧသော၏မယားဗာရှမတ် ၏အဆက်အနွယ်များဖြစ်ကြ၏။
18 ဧသော၏မယားအာန၏သမီးဖြစ်သူ အဟော လိဗာမမှဆင်းသက်သောအနွယ်သည်ကား ယုရှ၊ ယာလံနှင့်ကောရတို့ဖြစ်ကြသည်။- 19 ဤအနွယ်အားလုံးတို့သည်ဧသောမှဆင်းသက် လာကြ၏။
20-21 ဧဒုံအရပ်တွင်မူလနေထိုင်သူတို့သည်ဟောရိ အမျိုးသားစိရ၏သားတို့မှဆင်းသက်လာ သောအဆက်အနွယ်များဖြစ်ကြသည်။ ထိုသား တို့မှာလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်ကြသည်။
22 လောတန်သည်ဟောရိနှင့်ဟေမံမိသားစုတို့ ၏ဘိုးဘေးဖြစ်သည်။ (လောတန်၏နှမမှာတိမန ဖြစ်သည်။)
23 ရှောဗလသည်အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်သြနံမိသားစုတို့၏ဘိုးဘေးဖြစ် သည်။
24 ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-) 25 အာနတွင်သားဒိရှုန်နှင့်သမီးအဟောလိ ဗာမတို့ရှိ၏။
27 ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်မိသား စုတို့၏ဘိုးဘေးဖြစ်သည်။
28 ဒိရှန်သည်ဥဇနှင့်အာရန်မိသားစုတို့၏ ဘိုးဘေးဖြစ်သည်။
29-30 ဧဒုံပြည်ရှိဟောရိအမျိုးသားတို့၏အနွယ် များသည်ကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်သတည်း။
31-39 ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။
40-43 ဧသောမှဆင်းသက်သောဧဒုံအနွယ်များမှာ တိမနာ၊ အာလဝ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊ ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂ ဒျေလနှင့်ဣရံတို့ဖြစ်ကြသည်။ ဤဧဒုံ အနွယ်တို့သည်သူတို့၏နာမည်ဖြင့်ခေါ် တွင်သောဒေသအသီးသီးတို့တွင်နေ ထိုင်ကြလေသည်။
<- ကမ္ဘာဦး 35ကမ္ဘာဦး 37 ->