2 မိန်းမက``ငါတို့သည်ဥယျာဉ်ထဲရှိအပင် များ၏အသီးကိုစားနိုင်၏။- 3 သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။
4 ထိုအခါမြွေက``မဟုတ်နိုင်ပါ။ သင်တို့သေ မည်မဟုတ်။- 5 ထိုအသီးကိုစားလျှင်သင်တို့သည်ဘုရားသခင် ကဲ့သို့ အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်လာ နိုင်မည်။ ထို့ကြောင့်ဤကဲ့သို့ပညတ်ရခြင်းဖြစ် သည်'' ဟုပြန်ပြော၏။
6 မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။- 7 ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
8 ထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။- 9 သို့ရာတွင်ထာဝရအရှင်ဘုရားသခင် က``သင်အဘယ်မှာရှိသနည်း''ဟုလူအား ခေါ်တော်မူ၏။
10 ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
11 ဘုရားသခင်က``သင်တို့တွင်အဝတ်အချည်း စည်းရှိသည်ဟု မည်သူကပြောသနည်း။ သင်တို့ အားမစားရဟု ငါပညတ်ထားသောအပင်၏ အသီးကိုစားသလော'' ဟုမေးတော်မူ၏။
12 လူကလည်း``ကျွန်တော်အားကိုယ်တော်ပေး အပ်တော်မူသောမိန်းမက အသီးကိုပေး သဖြင့်ကျွန်တော်စားမိပါသည်'' ဟူ၍ပြန် လည်လျှောက်ထား၏။
13 ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။[b]
16 မိန်းမအားလည်း``သင်သည်ကိုယ်ဝန်ဆောင်ခြင်း ဖြင့်ဒုက္ခပိုများလာမည်။ သားဖွားခြင်းဝေဒနာ ကိုခံရမည်။ သို့သော်လည်းသင်သည် မိမိခင်ပွန်း ကိုစုံမက်နေလိမ့်မည်။ သင့်အပေါ်မှာသူ၏ သြဇာညောင်းရလိမ့်မည်'' ဟုမိန့်တော်မူ၏။
17 ယောကျာ်းအားလည်း``ထိုအပင်၏အသီးကို မစားရဟု ငါပညတ်ထားသော်လည်း သင် ၏မယား၏စကားကိုနားထောင်၍စားလေ ပြီ။ သင်ထိုသို့ပြုခြင်းကြောင့်မြေသည်ကျိန် စာသင့်ရ၏။ သင်သည်မိမိဝမ်းစာအတွက် မြေမှသီးနှံထွက်စေရန် တစ်သက်လုံးပင်ပန်း စွာလုပ်ကိုင်ရမည်။- 18 မြေမှဆူးချုံနှင့်ပေါင်းပင်များပေါက်လိမ့်မည်။ သင်သည်အရိုင်းပေါက်သောအပင်တို့ကိုစား ရမည်။-[d] 19 သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
20 အာဒံ[e] သည်မိမိ၏မယားအားဧဝဟုမှည့်ခေါ်လေ ၏။ အဘယ်ကြောင့်ဆိုသော်သူသည် လူသတ္တဝါ အပေါင်းတို့၏မိခင်ဖြစ်သောကြောင့်တည်း။- 21 ထာဝရအရှင်ဘုရားသခင်သည်အာဒံ နှင့်ဧဝတို့အတွက် သားရေဝတ်လုံများပြု လုပ်၍သူတို့အားဝတ်ဆင်ပေးတော်မူ၏။