8 ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
14 နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။- 15 ရေဘူးတွင်ရေကုန်သောအခါသူသည် ကလေးကိုချုံအောက်၌ထားခဲ့ပြီးလျှင်၊- 16 ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
17 ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။- 18 ထလော့၊ သွား၍သူငယ်ကိုပိုက်ချီလော့။ ငါသည် သူ၏အဆက်အနွယ်ကိုလူမျိုးကြီးဖြစ်စေ မည်'' ဟုဆိုလေ၏။- 19 ထိုနောက်ဘုရားသခင်သည်ဟာဂရ၏မျက်စိ ကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်းကိုမြင်ရ လေ၏။ သူသည်သားရေဘူးတွင်ရေတွင်းမှရေ နှင့်ဖြည့်၍သားငယ်ကိုရေတိုက်လေသည်။- 20 ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။- 21 သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။
24 အာဗြဟံကလည်း``ထိုအတိုင်းငါကတိ သစ္စာဆိုပါ၏'' ဟုဆို၏။
25 အာဗြဟံသည်အဘိမလက်၏ကျွန်တို့က အတင်းအဋ္ဌမ္မသိမ်းယူသောရေတွင်းအကြောင်း ကိုအဘိမလက်အားတိုင်ကြားလေ၏။- 26 ထိုအခါအဘိမလက်က``မည်သူဤသို့ ပြုလုပ်သည်ဟူ၍ငါမသိရ။ သင်ကငါ့ကို ယခင်ကမပြောသဖြင့် ဤကိစ္စအကြောင်း ကိုယခုမှငါသိရသည်'' ဟုဆိုလေ၏။- 27 ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။- 28 တစ်ဖန်အာဗြဟံသည်သူ၏သိုးအုပ်မှသိုး ကလေးခုနစ်ကောင်ကိုခွဲထုတ်လေ၏။- 29 အဘိမလက်က``သင်အဘယ်ကြောင့်ထိုသို့ ပြုလုပ်သနည်း'' ဟုမေး၏။
30 အာဗြဟံက``ဤရေတွင်းသည်ငါတူးသော ရေတွင်းဖြစ်သည်ဟုအသိအမှတ်ပြုသည့် အနေဖြင့် ဤသိုးကလေးခုနစ်ကောင်ကို လက်ခံပါ'' ဟုဖြေကြားလေသည်။- 31 ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
32 ဗေရရှေဘအရပ်တွင်သူတို့ကတိသစ္စာ ဆိုပြီးသည့်နောက် အဘိမလက်နှင့်ဖိကော လတို့သည်ဖိလိတ္တိပြည်သို့ပြန်ကြလေ၏။- 33 အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။- 34 ထိုနောက်အာဗြဟံသည်ဖိလိတ္တိပြည်တွင် ကြာမြင့်စွာနေထိုင်လေသည်။
<- ကမ္ဘာဦး 20ကမ္ဘာဦး 22 ->