5 အာဗြံနှင့်အတူလိုက်ပါလာသောလောတသည်လည်း သိုး၊ ဆိတ်စသည့်တိရစ္ဆာန်တို့အပြင်ကျေးကျွန်များကိုပိုင်၏။- 6 သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။- 7 သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။)
8 ထိုအခါအာဗြံကလောတအား``ငါတို့သည်ဆွေမျိုးသားချင်းများဖြစ်ကြ၍ သင့်လူစုနှင့်ငါ့လူစုတို့သည်ခိုက်ရန်ဖြစ်ပွားနေရန်မသင့်ချေ။- 9 ထို့ကြောင့်သင်နှင့်ငါခွဲခွာကြပါစို့။ သင့်ရှေ့မှောက်တွင်မြေတစ်ပြင်လုံးရှိ၏။ သင်ကြိုက်နှစ်သက်ရာကိုရွေးယူလော့။ သင်ကတစ်ဘက်သို့သွားလျှင်ငါကတခြားတစ်ဘက်သို့သွားမည်'' ဟုပြောလေ၏။
10 ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော်8* ထာဝရဘုရား၏ဥယျာဉ်တော်။ ဧဒင်ဥယျာဉ်ကိုဆိုလို။ ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-) ✡က၊ ၂:၁၀။ 11 ထို့ကြောင့်လောတသည်ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးကိုရွေးယူ၍ အရှေ့ဘက်သို့ပြောင်းရွှေ့ခဲ့လေသည်။ ဤသို့အားဖြင့်သူတို့နှစ်ဦးခွဲခွာခဲ့ကြသည်။- 12 အာဗြံသည်ခါနာန်ပြည်တွင်နေထိုင်သည်။ လောတမူကားမြစ်ဝှမ်းရှိမြို့များနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ရန်ရွေးချယ်လျက်သောဒုံမြို့အနီးတွင်တဲစခန်းချလေ၏။- 13 သောဒုံမြို့သားတို့သည်ဆိုးသွမ်း၍ ထာဝရဘုရားရှေ့တော်၌အပြစ်များသောသူများဖြစ်ကြ၏။