1 ဆက်လက်၍ဖော်ပြပါမည်။ လူတစ်ဦးတစ်ယောက် ၏သားသည်အဖ၏ဥစ္စာပစ္စည်းရှိသမျှကိုအမွေ ခံထိုက်သဖြင့် အမှန်ပင်ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလအတွင်း၌ကျွန်တစ် ယောက်ကဲ့သို့နေရ၏။- 2 သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။- 3 ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။- 4-5 သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။[a]
6 သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။- 7 သို့ဖြစ်၍သင်သည်ကျွန်မဟုတ်တော့ဘဲသား ဖြစ်လေပြီ။ သားဖြစ်သဖြင့်သားများခံစား ထိုက်သည်များကိုဘုရားသခင်သည်သင့် အားပေးတော်မူလတ္တံ့။
12 ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။- 13 ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။- 14 ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။- 15 ထိုအခါကသင်တို့အလွန်ပျော်ကြပါသည် တကား။ ယခုအဘယ်သို့ဖြစ်ကြလေပြီနည်း။ ထိုစဉ်အခါကသင်တို့သည်ဖြစ်နိုင်ပါမူ မိမိ တို့၏မျက်စိများကိုပင်လျှင်ထုတ်၍ငါ့အား ပေးလှူလိုသည်ဟုငါသက်သေခံ၏။- 16 ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။
17 ငါ့ကိုအတိုက်အခံပြုသူများသည်သင်တို့ အပေါ်တွင်များစွာစိတ်ဝင်စားလျက်ရှိကြ၏။ သို့ရာတွင်ရိုးသားသောရည်ရွယ်ချက်ဖြင့် မဟုတ်။ သင်တို့၏တုံ့ပြန်စိတ်ဝင်စားမှုကို ခံယူရရှိနိုင်ရန်သင်တို့အားငါနှင့်အဆက် ဖြတ်စေလိုသောကြောင့်ဖြစ်သည်။- 18 ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။- 19 ငါချစ်သောသားသမီးတို့၊ ခရစ်တော်၏စိတ် နေသဘောထားမျိုးကိုသင်တို့မရမချင်း ငါသည်သားဖွားသည့်မိခင်ကဲ့သို့တစ်ဖန် ဝေဒနာခံလျက်နေရ၏။- 20 သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။
28 ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။- 29 ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။-[d] 30 သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။-[e] 31 သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။
<- ဂလာတိ 3ဂလာတိ 5 ->