1 ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။-[a] 2 ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။[b]
3 ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။- 4 သူတို့သည်ဗိမာန်တော်တည်ဆောက်မှုတွင် ပါဝင်ကူညီကြသူတို့၏အမည်များကိုတောင်းယူကြ၏။- 5 သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။- 6 သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။
8 ``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။