6 ``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။- 7 အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။
8 ``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
9 ``ငါသည်ရေကိုယူ၍ သင့်၌ပေကျံနေ သောသွေးကိုဆေးကြော၏။ သင်၏ကိုယ် ကိုသံလွင်ဆီနှင့်လူးပေး၏။- 10 သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။- 11 သင်ဝတ်ဆင်ရန်ကျောက်မျက်ရတနာများနှင့် လက်မောင်းတွင်ဝတ်ဆင်ရန်လက်ကောက်များ၊ လည်ဆွဲရန်ဘယက်များကိုလည်းကောင်း၊- 12 နှာခေါင်းအတွက်နှာဆွဲများ၊ နားအတွက် နားတောင်းများနှင့်သင်ဆောင်းရန် လှပ သောသရဖူကိုလည်းကောင်းငါပေး၏။- 13 သင်သည်ရွှေ၊ ငွေ၊ တန်ဆာများကိုဆင်ယင် ကာပိတ်ချောထည်ပန်းထိုးထည်နှင့် အဖိုး တန်အဝတ်အစားများကိုအစဉ်ပင်ဝတ် ဆင်ရ၏။ သင်သည်အကောင်းဆုံးမုန့်ညက် ဖြင့်လုပ်သောမုန့်ပျားရည်နှင့် သံလွင်ဆီကို စားသုံးရ၏။ သင်၏အဆင်းသည်ဖိတ်ဖိတ် တောက်လှပသဖြင့်သင်သည်မိဖုရား ဖြစ်လာ၏။- 14 ငါသည်သင့်အားအလွန်လှပအောင်ပြု လုပ်ဆင်မြန်းပေးသဖြင့် သင်သည်ခြောက် ပြစ်ကင်းသောအဆင်းကိုဆောင်၏။ ယင်း သို့သင်၏အဆင်းလှမှုသည်အတိုင်းတိုင်း အပြည်ပြည်သို့ကျော်ကြားလေ၏'' ဟူ ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
15 ``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။- 16 သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။- 17 သင်သည်ငါပေးသည့် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာအချို့ကိုလည်းယူ၍ ယောကျာ်း ရုပ်ပွားများပြုလုပ်ပြီးလျှင်ယင်းတို့ နှင့်မှားယွင်း၏။- 18 သင်သည်ငါပေးသည့်ပန်းထိုးထည်များ ဖြင့်ရုပ်တုများကိုလွှမ်းခြုံပေး၏။ ယင်း တို့ကိုငါပေးသည့်သံလွင်ဆီနှင့်နံ့သာ ပေါင်းတို့ဖြင့်ပူဇော်၏။- 19 ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။
20 ``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊- 21 အဘယ်ကြောင့်ငါ၏သားသမီးများကို ယူ၍ရုပ်တုတို့အားယဇ်ပူဇော်ရသနည်း။- 22 သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။
27 ``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။
28 ``အလိုမပြည့်နိုင်သဖြင့်သင်သည်အာရှုရိ အမျိုးသားတို့နှင့်မှားယွင်းပြန်၏။ သို့ရာ တွင်သင်၏အလိုမပြည့်နိုင်သေး။- 29 သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။
30 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။- 31 သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။- 32 သင်သည်ကားမိမိ၏ခင်ပွန်းကိုချစ်မြတ် နိုးမည့်အစား သူစိမ်းတစ်ရံဆံများနှင့် မေထုန်မှီဝဲလိုသည့်မိန်းမနှင့်တူ၏။- 33 ပြည့်တန်ဆာအားအခကြေးငွေပေးရ၏။ သင်မူကားချစ်သူတို့ကိုအရပ်တကာမှ လာ၍ သင်နှင့်အိပ်စက်ကြစေရန်လက်ဆောင် များကိုပေးလေသည်။- 34 သင်သည်ထူးခြားသောပြည့်တန်ဆာဖြစ်၏။ အဘယ်သူမျှသင့်အားအခကြေးငွေပေး၍ ပြည့်တန်ဆာလုပ်စေသည်မဟုတ်။ သင်သည် အခကြေးငွေလည်းမရ။ သင်ကသာလျှင် ပေး၏။ သင်သည်အကယ်ပင်ထူးပါပေ သည်'' ဟူ၍တည်း။
36 အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``သင်သည်ကာမရာဂကြီးလျက်အဝတ် များကိုချွတ်၍ ပြည့်တန်ဆာကဲ့သို့မိမိ ကိုယ်ကိုချစ်သူများသို့လည်းကောင်း၊ စက် ဆုပ်ဖွယ်ကောင်းသည့်ရုပ်တုများသို့လည်း ကောင်းပေးအပ်ကာ မိမိ၏သားသမီးများ အားရုပ်တုများကိုပူဇော်ရာယဇ်ကောင် များအဖြစ်ဖြင့်သတ်၏။- 37 ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။- 38 ငါသည်သင့်အားသူတစ်ပါးအိမ်ရာကို ပြစ်မှားမှု၊ လူသတ်မှုတို့အတွက်ပြစ်ဒဏ် စီရင်မည်။ ငါသည်ပြင်းစွာဒေါသအမျက် ထွက်၍ မရှုစိမ့်သဖြင့်သင့်အားကလဲ့စား ချေ၍သေဒဏ်ပေးမည်။- 39 ငါသည်သင့်ကိုသူတို့၏လက်သို့အပ်နှံ မည်။ သူတို့သည်သင်၏မြင့်သောတောင်ကုန်း များ ဝတ်ပြုရာဌာနများကိုဖြိုဖျက်ကြ လိမ့်မည်။ သူတို့သည်သင်၏အဝတ်အစား များနှင့်ကျောက်မျက်ရတနာများကိုယူ ၍ သင့်အားအဝတ်အချည်းစည်းထား ကြလိမ့်မည်။
40 ``သင့်အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်အပိုင်းပိုင်း ဖြတ်ကြစေရန် သူတို့သည်လူအုပ်ကြီးတစ် စုကိုလှုံ့ဆော်ပေးကြလိမ့်မည်။- 41 သူတို့သည်သင်၏အိမ်များကိုမီးရှို့ကြ ပြီးလျှင် သင်အပြစ်ဒဏ်ခံရပုံကိုမြောက် မြားစွာသောအမျိုးသမီးတို့အားပြကြ လိမ့်မည်။ သင်၏ပြည့်တန်ဆာအလုပ်နှင့် ချစ်သူတို့အား လက်ဆောင်ပေးကမ်းမှုကို ငါရပ်စဲစေမည်။- 42 ထိုနောက်ငါသည်အမျက်ပြေ၍တည်ငြိမ် လိမ့်မည်။ နောက်တစ်ဖန်အမျက်ထွက်တော့မည် မဟုတ်။ မနာလိုစိတ်လည်းရှိတော့မည်မဟုတ်။- 43 ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
46 ``သင်၏အစ်မသည်မိမိ၏သမီးများနှင့် တကွ နေထိုင်လျက်ရှိသည့်မြောက်အရပ်တွင် ရှိသောရှမာရိမြို့ဖြစ်၏။ သင့်ညီမကား မိမိ၏သမီးများနှင့်တကွနေထိုင်လျက် ရှိသောတောင်အရပ်တွင်ရှိသည့်သောဒုံမြို့ ဖြစ်၏။- 47 သင်သည်သူတို့၏ခြေရာကိုနင်းလျက်စက် ဆုပ်ဖွယ်ရာအကျင့်များကိုပြုကျင့်ရုံဖြင့် ကျေနပ်ပါသလော။ မကျေနပ်။ အချိန်အနည်း ငယ်အတွင်းသင်သည်သူတို့ပြုသမျှသော အမှုအပေါင်းတို့ထက်ပိုမိုဆိုးရွားသော အမှုကိုပြုကျင့်ခဲ့၏။- 48 အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်၏ညီမသောဒုံမြို့နှင့်သူ့သမီး တို့သည် သင်နှင့်သင့်သမီးများပြုကျင့်ခဲ့ သည့်ဆိုးညစ်မှုမျိုးကိုအဘယ်အခါက မျှမပြုမကျင့်ခဲ့ကြ။- 49 ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။- 50 သူတို့သည်မာနကြီး၍ငါမုန်းသည့်အမှု တို့ကိုပြုကြ၏။ သို့ဖြစ်၍သင်ကောင်းစွာ သိသည်အတိုင်း ငါသည်သူတို့အားပျက်စီး စေ၏။
51 ``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။- 52 ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။