3 ``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။- 4 သူတို့မြင်နိုင်စေရန်နေ့အချိန်၌ သင်သည် အရပ်တစ်ပါးသို့ပြောင်းရွှေ့မည့်အမူအရာ ဖြင့်အထုပ်အပိုးပြင်ဆင်၍ ညနေချိန်၌ သူတို့၏မျက်မှောက်တွင်ဒုက္ခသည်ကဲ့သို့ ထွက်ခွာသွားလော့။- 5 သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။- 6 ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
7 ငါသည်ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြု၏။ ထိုနေ့၌ဒုက္ခသည်တစ်ဦးကဲ့သို့ငါသည် အထုပ်အပိုးကိုယူပြီးနောက်ညနေချိန်မှောင် စပြုသောအခါ အိမ်နံရံကိုလက်ဖြင့်တူး ဖောက်ကာထိုသူတို့၏ရှေ့တွင်အထုပ်ကို ပခုံးပေါ်သို့တင်၏။
8 နောက်တစ်နေ့နံနက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။- 9 ကိုယ်တော်က``အချင်းလူသား၊ ပုန်ကန်တတ် သောဣသရေလအမျိုးသားတို့သည်ယခု သင်အဘယ်အမှုကိုပြုလျက်နေသည်ကို မေးမြန်းနေကြပြီဖြစ်၍။- 10 သူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်ဆိုတော်မူသည်ကိုဆင့်ဆိုလော့။ ဤ မိန့်ဆိုချက်သည်ယေရုရှလင်မြို့ကိုအုပ် စိုးလျက်ရှိသောမင်းနှင့်ထိုမြို့ရှိလူတို့ အတွက်ဖြစ်၏။- 11 သင်ပြုသောအမှုများသည်သူတို့တွေ့ကြုံ ရကြမည့်အမှုအရာများ၏ရှေ့ပြေး နိမိတ်ဖြစ်၍သူတို့သည်ဒုက္ခသည်များ၊ သုံ့ပန်းများဖြစ်ရကြမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။- 12 သူတို့အားအုပ်စိုးလျက်ရှိသောမင်းသည်မိမိ အထုပ်ကိုထမ်း၍အုတ်တံတိုင်းတွင်သူတို့တူး ဖောက်ပေးသည့်အပေါက်မှထွက်ပြေးရလိမ့်မည်။ သူ၏မျက်စိများကိုဖုံး၍ထားသဖြင့်သူသည် မိမိသွားရာလမ်းကိုမြင်ရလိမ့်မည်မဟုတ်။- 13 ငါသည်ပိုက်ကွန်ကိုဖြန့်၍သူ့အားအုပ်မိကာ ငါ၏ထောင်ချောက်တွင်မိစေလျက်ခါလဒဲ ပြည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားမည်။ သူသည်ထိုမြို့ကိုမမြင်ရဘဲထိုမြို့၌ ပင်သေရလိမ့်မည်။-[b] 14 ငါသည်သူ၏မှူးမတ်များ၊ အကြံပေးအရာ ရှိများနှင့်ကိုယ်ရံတော်တပ်သားများအား အရပ်တကာသို့ပျံ့လွင့်သွားစေမည်။ လူ တို့သည်သူတို့ကိုဋ္ဌားဖြင့်သတ်ဖြတ်ရန် လိုက်လံရှာဖွေကြလိမ့်မည်။
15 ``ငါသည်သူတို့အားအတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့် စေသောအခါ သူတို့သည်ငါကားထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသိရှိကြ လိမ့်မည်။- 16 သူတို့အနက်အနည်းငယ်အားစစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါ ဘေးတို့မှငါချမ်းသာပေးမည်။ သို့မှသာ လျှင်လူမျိုးတကာတို့တွင်ရောက်ရှိနေသော သူတို့သည် မိမိတို့ပြုခဲ့သောအမှုများကို စက်ဆုပ်ဖွယ်ဖြစ်ကြောင်းနားလည်သဘော ပေါက်၍ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကိုသိကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
24 ``ဣသရေလအမျိုးသားတို့တွင်ဗျာဒိတ် ရူပါရုံအတုများ၊ မှားယွင်းသောဗျာဒိတ် များ၊ နောက်ထပ်မပေါ်ပေါက်ရ။- 25 ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
26 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံရောက်လာ၏။- 27 ``အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ကသင်မြင်သောဗျာဒိတ်ရူပါရုံများနှင့် သင် ဟောကြားသောဗျာဒိတ်စကားများသည် ဝေး ကွာသည့်အနာဂတ်ကာလနှင့်ဆိုင်သည်ဟု ထင်မှတ်ကြ၏။- 28 သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
<- ယေဇကျေလ 11ယေဇကျေလ 13 ->