3 မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။- 4 မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။- 5 ထိုနောက်သူသည်ဣသရေလအမျိုးသားလူ ငယ်တို့ကိုခိုင်းစေသဖြင့်၊ သူတို့သည်နွားများ ကိုသတ်၍ထာဝရဘုရားအားမီးရှို့သော ယဇ်၊ မိတ်သဟာယယဇ်ကိုပူဇော်လေ၏။- 6 မောရှေသည်တိရစ္ဆာန်တို့၏သွေးတစ်ဝက်ကို အင်တုံများတွင်ထည့်၍၊ အခြားတစ်ဝက် ကိုယဇ်ပလ္လင်ပေါ်၌ပက်ဖျန်းလေ၏။- 7 ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
8 ထိုနောက်မောရှေသည်အင်တုံများထဲမှသွေး ကိုယူ၍ လူတို့အပေါ်သို့ပက်ဖျန်းလေ၏။ သူ က``ထာဝရဘုရားသည်သင်တို့အားဤပညတ် များကိုပေးလျက် သင်တို့နှင့်ပြုတော်မူသော ပဋိညာဉ်ကိုဤသွေးဖြင့်အတည်ဖြစ်စေ ပြီ'' ဟုဆိုလေ၏။✡(က)။ မ၊ ၂၆:၂၈။ မာ၊ ၁၄:၂၄။ လု၊ ၂၂:၂၀။ ၁ကော၊ ၁၁:၂၅။ ဟေဗြဲ၊ ၁၀:၂၉။ (ခ)။ ဟေဗြဲ၊ ၉:၁၉-၂၀။
9 မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊- 10 ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။- 11 ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။
15 မောရှေသည်တောင်ပေါ်သို့တက်သွားသောအခါ မိုးတိမ်သည်တောင်ကိုဖုံးလွှမ်းလေ၏။- 16-17 ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။- 18 ထိုအခါမောရှေသည်မိုးတိမ်ဖုံးအုပ်နေသော တောင်ထိပ်ပေါ်သို့တက်သွားလေသည်။ သူသည် တောင်ထိပ်ပေါ်တွင်အရက်လေးဆယ်ပတ်လုံး ရှိနေ၏။✡ဟေဗြဲ၊ ၉:၉။
<- ထွက်မြောက် 23ထွက်မြောက် 25 ->