1-2 ဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
3 ``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။
4 ``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။- 5 ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-[a] 6 သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။[b]
7 ``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။[c]
8 ``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-[d] 9 သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။- 10 သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။-[e] 11 ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။[f]
12 ``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။[g]
13 ``လူ့အသက်ကိုမသတ်နှင့်။[h]
14 ``သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။[i]
15 ``သူ့ဥစ္စာကိုမခိုးနှင့်။[j]
16 ``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။[k]
17 ``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။[l]
18 လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။- 19 သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။[m]
20 ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။- 21 သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
- a ထွ၊ ၃၄:၁၇။ ဝတ်၊ ၁၉:၄၊ ၂၆:၁။ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။
- b ထွ၊ ၃၄:၆-၇။ တော၊ ၁၄:၁၈။ တရား၊ ၇:၉-၁၀။
- c ဝတ်၊ ၁၉:၁၂။
- d ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။
- e ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊၃၅:၂။ ဝတ်၊၂၃:၃။
- f က၊၂:၁-၃။ ထွ၊၃၁:၁၇။
- g တရား၊ ၂၇:၁၆။ မ၊ ၁၅:၄၊ ၁၉:၁၉။ မာ၊ ၇:၁၀၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ဧ၊ ၆:၂(ခ)၊ ဧ၊ ၆:၃။
- h က၊ ၉:၆။ ဝတ်၊ ၂၄:၁၇။ မ၊ ၅:၂၁၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
- i ဝတ်၊ ၂၀:၁၀။ မ၊ ၅:၂၇၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
- j ဝတ်၊ ၁၉:၁၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။
- k ထွ၊ ၂၃:၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။
- l ရော၊ ၇:၇၊ ၁၃:၉။
- m ဟေဗြဲ၊ ၁၂:၁၈-၁၉။
- n တရား၊ ၂၇:၅-၇။ ယောရှု၊ ၈:၃၁။