9 ထာဝရဘုရားက မောရှေအား``သင်နှင့်ငါ ပြောသောစကားကိုလူတို့သည်ကြား၍၊ သင့် ကိုယခုမှစ၍ယုံကြည်လာကြစေရန် ငါ သည်ထူထပ်သောမိုးတိမ်တိုက်ဖြင့်သင့်ထံ ကြွလာမည်'' ဟုမိန့်တော်မူ၏။
14 ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။- 15 မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
16 တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-✡ဗျာ၊ ၄:၅။ 17 ဘုရားသခင်ကိုဖူးတွေ့ရန်မောရှေသည် လူတို့ကိုစခန်းမှခေါ်ဆောင်လာသဖြင့်၊ သူတို့သည်တောင်ခြေ၌ရပ်နေကြ၏။- 18 ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-✡တရား၊ ၄:၁၁-၁၂။ 19 တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။- 20 ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။- 21 ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။- 22 ငါ့အနီးသို့ချဉ်းကပ်လာသောယဇ်ပုရော ဟိတ်များပင်လျှင် မိမိတို့ကိုယ်ကိုသန့်စင် စေရမည်။ ထိုသို့မပြုလျှင်ငါသည်သူတို့ အားဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
23 ထိုအခါမောရှေက ထာဝရဘုရားအား``ကိုယ် တော်သည်တောင်ကိုသန့်ရှင်းရာဌာနအဖြစ် သတ်မှတ်၍ ပတ်လည်တွင်စည်းတားထားစေ သောကြောင့်လူတို့သည်တောင်ပေါ်သို့မတက် နိုင်ကြပါ'' ဟုလျှောက်ထားလေ၏။
24 ထာဝရဘုရားက``သင်သည်တောင်အောက် သို့ဆင်း၍ အာရုန်ကိုခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်များနှင့်လူတို့ကိုမူကား ငါ့ထံ သို့ဝင်ခြင်းငှာစည်းကိုမဖြတ်ကျော်စေရ။ စည်းကိုဖောက်ဖျက်လျှင်သူတို့ကိုဒဏ်ခတ် မည်'' ဟုမိန့်တော်မူ၏။- 25 ထိုအခါမောရှေသည်တောင်အောက်သို့ဆင်း ၍ ထာဝရဘုရားမိန့်မှာသမျှကိုလူတို့ အားပြောကြားလေ၏။