4 မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။
6 ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။
7-8 မင်းကြီးက``ဘုရင်မင်းကြီးဆင်ယင်တော် မူသောမင်းမြောက်တန်ဆာ၊ စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသောရာဇသရဖူ ကိုယူခဲ့စေတော်မူပါ။- 9 ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။
10 ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။
11 ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
12 ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊- 13 မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
- a ထွ၊ ၂:၂၁-၂၂။