9 ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။- 10 သို့ဖြစ်၍ကိုယ်တော်၏စကားကိုနားထောင် လျက် သင်တို့အားငါတို့ယနေ့ဆင့်ဆိုသော ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းကြ လော့'' ဟုမှာကြားကြ၏။
15 `` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊
16 `` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊
17 `` `ဣသရေလအမျိုးသားချင်း၏မြေမှတ် တိုင်ကိုရွှေ့သောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ
18 `` `မျက်မမြင်တစ်ဦးအားလမ်းလွဲစေသူ သည် ဘုရားသခင်၏ကျိန်ခြင်းကို ခံစေ သတည်း' ဟုကျိန်ဆိုသောအခါ၊
19 `` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။
20 `` `ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်၍ ဖခင်အားအရှက်ခွဲသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံ ရကြမည်။[i]
21 `` `တိရစ္ဆာန်နှင့်ကာမစပ်ယှက်သောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊
22 `` `မောင်နှမချင်းနှင့်ဖြစ်စေ၊ မိတူဖကွဲမောင်နှ မချင်းနှင့်ဖြစ်စေ၊ ဖတူမိကွဲမောင်နှမချင်း နှင့်ဖြစ်စေ၊ ကာမစပ်ယှက်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ၊
23 `` `မိမိယောက္ခမနှင့်ကာမစပ်ယှက်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟု
24 `` `လူတစ်ယောက်အားလျှို့ဝှက်စွာသတ်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ``လူအပေါင်းတို့ က`အာမင်' ဟုဝန်ခံရကြမည်။
25 `` `အပြစ်မဲ့သူအားသတ်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊
26 `` `ဘုရားသခင်၏ပညတ်များနှင့်သွန်သင် ချက်ရှိသမျှတို့ကိုမလိုက်နာသောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊[m]
- a ယောရှု၊ ၈:၃၀-၃၂။
- b ထွ၊ ၂၀:၂၅၊ ၂၇:၁၂။ တရား၊ ၁၁:၂၉။ ယောရှု၊ ၈:၃၃-၃၅။
- c တရား၊ ၁၁:၂၉။ ယောရှု၊ ၈:၃၃-၃၅။
- d ထွ၊ ၂၀:၄၊ ၃၇:၁၇။ ဝတ်၊ ၁၉:၄၊ ၂၆:၁။ တရား၊ ၄:၁၅-၁၈၊ ၅:၈။
- e ထွ၊ ၂၀:၁၂။ တရား၊ ၅:၁၆။
- f တရား၊ ၁၉:၁၄။
- g ဝတ်၊ ၁၉:၁၄။
- h ထွ၊ ၂၂:၂၁၊ ၂၃:၉။ ဝတ်၊ ၁၉:၃၃-၃၄။ တရား၊ ၂၄:၁၇-၁၈။
- i ဝတ်၊ ၁၈:၈၊ ၂၀:၁၁။ တရား၊ ၂၂:၃၀။
- j ထွ၊၂၂:၁၉။ ဝတ်၊ ၁၈:၂၃၊ ၂၀:၁၅။
- k ဝတ်၊ ၁၈:၉၊ ၂၀:၁၇။
- l ဝတ်၊ ၁၈:၁၇၊ ၂၀:၁၄။
- m ဂလ၊ ၃:၁၀။