6 ``သင်သည်တစ်စုံတစ်ခုကိုချေးငှားသော အခါ စပါးကြိတ်ဆုံကျောက်များကိုအပေါင် ပစ္စည်းအဖြစ်လက်မခံရ။ ထိုသို့ပြုလျှင် ချေးငှားသူ၏အသက်ကို အပေါင်ခံခြင်း လက်ခံရာရောက်မည်။
7 ``ဣသရေလအမျိုးသားချင်းအားအဋ္ဌမ္မ ဖမ်းဆီး၍ ကျွန်စေစားသူသို့မဟုတ်ကျွန်အဖြစ် ရောင်းသူအားသေဒဏ်စီရင်ရမည်။ ဤနည်း အားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှား နိုင်လိမ့်မည်။[b]
8 ``သင်တို့တွင်ကြောက်မက်ဖွယ်ကောင်းသောအရေ ပြားရောဂါဖြစ်ပွားသောအခါ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များအားငါညွှန်ကြား ထားသည့်အတိုင်းဆောင်ရွက်ရန်ဂရုပြုရ မည်။ သူတို့အားငါမိန့်မှာထားသည့်အတိုင်း လိုက်နာကြလော့။-[c] 9 ငါတို့သည်အီဂျစ်ပြည်မှထွက်ခွာလာစဉ်က သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအားမည်ကဲ့သို့ဒဏ်ခတ်တော်မူခဲ့ ကြောင်းကိုသတိရကြလော့။[d]
10 ``သင်တို့သည်လူတစ်ဦးအားတစ်စုံတစ်ခုကို ချေးငှားသောအခါ ထိုသူအပေါင်ထားသော အဝတ်အင်္ကျီကိုယူရန်သူ၏အိမ်ထဲသို့မဝင် ရ။-[e] 11 ထိုသူကိုယ်တိုင်ယူလာသောအပေါင်ပစ္စည်း ကိုအိမ်အပြင်မှာစောင့်၍ယူရမည်။- 12 သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။- 13 သူသည်ထိုအင်္ကျီကိုဝတ်၍အိပ်နိုင်ရန်ည နေတိုင်းပြန်ပေးလော့။ ထိုအခါသူသည် သင့်အားကျေးဇူးတင်လိမ့်မည်။ သင်၏ ဘုရားသခင်ထာဝရဘုရားသည်လည်း သင့်ကိုနှစ်သက်တော်မူလိမ့်မည်။
14 ``သင်တို့၏မြို့တွင်နေထိုင်သောဆင်းရဲနွမ်း ပါးသည့် ဣသရေလအမျိုးသားအစေခံ ကိုသော်လည်းကောင်း၊ လူမျိုးခြားသား အစေခံကိုသော်လည်းကောင်းမလိမ်လည် မလှည့်ဖြားနှင့်။-[f] 15 နေ့စဉ်နေမဝင်မီသူ့အားနေ့တွက်ခကိုပေး ရမည်။ သူသည်ဆင်းရဲသဖြင့်ထိုငွေကိုရ လို၏။ သင်သည်အခငွေကိုမပေးလျှင် သူ သည်ထာဝရဘုရားထံလျှောက်ထားသဖြင့် သင်သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။
16 ``သားသမီးတို့၏ပြစ်မှုကြောင့် မိဘတို့သေ ဒဏ်မခံစေရ။ ထိုနည်းတူမိဘတို့၏ပြစ်မှု ကြောင့် သားသမီးတို့သေဒဏ်မခံစေရ။ လူ တိုင်းမိမိ၏ပြစ်မှုကြောင့်သာသေဒဏ်ခံ စေရမည်။[g]
17 ``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-[h] 18 သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အား လွတ်မြောက်စေတော်မူခဲ့ကြောင်းကိုလည်း ကောင်းသတိရကြလော့။ ထို့ကြောင့်ငါသည် သင်တို့အားဤပညတ်ကိုပေး၏။
19 ``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-[i] 20 သံလွင်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန် သောအသီးများကိုလူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများ အတွက်ချန်ထားရမည်။- 21 စပျစ်သီးများကိုလည်းတစ်ကြိမ်ဆွတ်ခူး ပြီးလျှင် အကြွင်းအကျန်ကိုနောက်တစ်ကြိမ် ပြန်ကြော့၍မဆွတ်ခူးရ။ ထိုကြွင်းကျန်သော အသီးများကို လူမျိုးခြားများမိဘမဲ့ ကလေးများနှင့် မုဆိုးမများအတွက်ချန် ထားရမည်။- 22 သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ရ ဖူးကြောင်းကို ဘယ်သောအခါမျှမမေ့ ကြနှင့်။ ထို့ကြောင့်ငါသည်သင်တို့အားဤ ပညတ်ကိုပေး၏။
<- တရားဟော 23တရားဟော 25 ->