3 ``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။- 4 စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။- 5 ထာဝရဘုရားသည်သင်တို့၏အနွယ်များ ထဲမှလေဝိအနွယ်အား မိမိ၏အမှုတော် ကိုအမြဲဆောင်ရွက်ရန်ရွေးကောက်တော် မူ၏။''
6 ``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊- 7 ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။- 8 သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
16 ``သင်တို့သည်သိနာတောင်တွင်စုရုံးရောက် ရှိသောနေ့၌ ထာဝရဘုရား၏စကားသံ ကိုနောက်တစ်ဖန်မကြားပါရစေနှင့်။ မီးလျှံ ကြီးကိုလည်း နောက်တစ်ဖန်မမြင်ပါရစေ နှင့်ဟူ၍တောင်းပန်ခဲ့ကြ၏။ ကိုယ်တော်၏ အသံတော်နှင့်မီးလျှံကိုကြားရမြင်ရ လျှင် သင်တို့သေမည်ကိုစိုးရိမ်သောကြောင့် ယင်းသို့တောင်းပန်ခြင်းဖြစ်၏။- 17 ထိုအခါထာဝရဘုရားကငါ့အား`သူတို့ ၏လျှောက်ထားချက်သည်သင့်မြတ်ပေ၏။- 18 ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။- 19 သူသည်ငါ၏အခွင့်အာဏာနှင့်ဆင့်ဆိုလိမ့် မည်။ ထို့ကြောင့်သူ၏စကားကိုနားမထောင် သောသူအားငါဒဏ်ခတ်မည်။-[f] 20 ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
21 ``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။- 22 သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''
<- တရားဟော 17တရားဟော 19 ->