1 ``အပြစ်အနာအဆာပါရှိသောနွားထီး၊ သို့မဟုတ်သိုးကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပူဇော်ရ။ ထာဝရ ဘုရားသည်ထိုသို့သောယဇ်ကောင်ကိုရွံရှာ တော်မူ၏။''
2-4 ``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊-[a] 5 ထိုဒုစရိုက်ကူးလွန်သူကိုမြို့ပြင်သို့ထုတ် လျက် ကျောက်ခဲနှင့်ပစ်သတ်ရမည်။- 6 သို့ရာတွင်သက်သေခံနှစ်ဦးသုံးဦးရှိမှ သာထိုအပြစ်ရှိသူကိုသေဒဏ်စီရင်ရ မည်။ သက်သေတစ်ဦးတည်း၏ထွက်ချက် ဖြင့်ထိုသူကိုသေဒဏ်မစီရင်ရ။-[b] 7 သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။''[c]
8 ``ဒေသခံတရားသူကြီးများသည် လူသတ် မှုနှင့်လူသေမှု၌သော်လည်းကောင်း၊ ပစ္စည်း ပိုင်ဆိုင်ခွင့်အမှုအခင်းများနှင့်ကိုယ်ထိလက် ရောက်ထိခိုက်ဒဏ်ရာရစေသောအမှုအခင်း များ၌သော်လည်းကောင်း အဆုံးအဖြတ်ပေး ရန်ခဲယဉ်းခြင်းရှိသောအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးချယ် တော်မူသည့်တစ်ခုတည်းသောကိုးကွယ် ရာဌာနသို့သွား၍၊- 9 လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်များနှင့် တာဝန်ကျတရားသူကြီးထံအမှုကို တင်ပြ၍အဆုံးအဖြတ်ခံယူရမည်။- 10 သူတို့၏စီရင်ဆုံးဖြတ်ချက်အတိုင်းအတိ အကျလိုက်နာရမည်။- 11 သင်တို့သည်သူတို့၏စီရင်ဆုံးဖြတ်ချက်ကို လက်ခံ၍ ညွှန်ကြားချက်အတိုင်းတစ်သဝေ မတိမ်းလိုက်နာရမည်။- 12 တာဝန်ကျတရားသူကြီးသို့မဟုတ်ယဇ် ပုရောဟိတ်၏စီရင်ဆုံးဖြတ်ချက်ကို မနာ ခံသောသူအားသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်ဣသရေလလူမျိုးမှထို ဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။- 13 ထိုအခါလူအပေါင်းတို့သည်ထိုသတင်း ကိုကြား၍ကြောက်ရွံ့သဖြင့် ထိုကဲ့သို့ နောက်တစ်ဖန်ပြုဝံ့မည်မဟုတ်ချေ။''