1 ``ခုနစ်နှစ်လျှင်တစ်ကြိမ်မြီရှင်တို့သည် မြီစား တို့ထံမှရရှိရန်ရှိသောအကြွေးရှိသမျှ ကို သင်ပုန်းချေပယ်ပစ်ရမည်။- 2 အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။- 3 လူမျိုးခြားများထံမှအကြွေးကိုတောင်းယူ နိုင်သော်လည်း ကိုယ်အမျိုးသားချင်းထံမှ အကြွေးကိုမူကားမတောင်းရ။''
4-5 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားသောပြည်တွင် သင်တို့အားကောင်းချီးပေးတော်မူမည်။ သင် တို့အားငါယနေ့ပညတ်သမျှတို့ကိုစောင့် ထိန်း၍ ထာဝရဘုရား၏အမိန့်တော်ကို နာခံလျှင် သင်တို့လူမျိုးတွင်မည်သူမျှ မဆင်းရဲရ။- 6 ထာဝရဘုရားသည်ကတိတော်ရှိသည့် အတိုင်း သင်တို့အားကောင်းချီးပေးတော်မူ သဖြင့် သင်တို့သည်လူမျိုးများစွာတို့အား ငွေချေးရလိမ့်မည်။ သင်တို့ကမူကားသူတို့ ထံမှချေးငှားခြင်းပြုရမည်မဟုတ်။ သင်တို့ သည်လူမျိုးများစွာတို့ကိုအုပ်စိုးရလိမ့် မည်။ မည်သည့်လူမျိုးကမျှသင်တို့ကို မအုပ်စိုးရ။''
7 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေး သနားတော်မူသောပြည်ရှိမြို့ရွာများတွင် ဆင်းရဲနွမ်းပါးသောဣသရေလအမျိုး သားရှိလျှင် တစ်ကိုယ်ကောင်းစိတ်ရှိပြီး ထိုသူအားမစရန်မတွန့်တိုနှင့်။-[a] 8 စေတနာထား၍သူလိုသမျှကိုချေးငှား လော့။- 9 အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။- 10 ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။- 11 သင်တို့တွင်ဆင်းရဲနွမ်းပါးသောဣသရေလ အမျိုးသားများအမြဲရှိနေမည်။ ထို့ကြောင့် သူတို့အား ရက်ရောစွာပေးကမ်းရန်ငါပညတ် ၏။''[b]
12 ``ဣသရေလအမျိုးသားသို့မဟုတ်အမျိုး သမီးတစ်ဦးဦးသည် သင့်ထံ၌ခြောက်နှစ် ကျွန်ခံပြီး၍သတ္တမနှစ်သို့ရောက်သောအခါ သူ့အားကျွန်ဘဝမှလွတ်ခွင့်ပေးရ မည်။-[c] 13 သူ့ကိုလွတ်ခွင့်ပေးသောအခါ လက်ချည်း သက်သက်မသွားစေရ။- 14 ထာဝရဘုရားကောင်းချီးပေးသဖြင့် သင်တို့ ၌သိုး၊ စပါး၊ စပျစ်ရည်ကြွယ်ဝချမ်းသာသည့် အတိုင်း ယင်းပစ္စည်းမှသူ့အားရက်ရောစွာပေး ကမ်းလော့။- 15 သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
16 ``သို့ရာတွင်ကျွန်သည် သင်နှင့်သင်၏မိသားစု ကိုခင်မင်၍ပျော်ပိုက်နေသဖြင့် အိမ်မှထွက် မသွားလိုပါဟုဆိုလျှင်၊- 17 သူ့ကိုအိမ်တံခါးသို့ခေါ်ဆောင်ပြီးနောက် သူ ၏နားကိုစူးဖြင့်ဖောက်ရမည်။ ထိုအခါသူ သည်သင်ထံ၌ရာသက်ပန်ကျွန်ခံရမည်။ ကျွန်မိန်းမကိုလည်းထိုနည်းတူပြုရမည်။- 18 သင်သည်ကျွန်တစ်ယောက်ကိုလွတ်ခွင့်ပေး ရာ၌ စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ စင်စစ်သူသည်အစေခံငှားခထက်ဝက် မျှဖြင့်[d] ခြောက်နှစ်ပတ်လုံးသင့်ထံ၌ကျွန်ခံခဲ့လေပြီ။ ယင်းသို့ပြုလျှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဆောင်ရွက် သမျှကိုကောင်းချီးပေးတော်မူမည်။''