3 ``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။- 4 သင်တို့စားနိုင်သောတိရစ္ဆာန်များသည်ကား နွား၊ သိုး၊ ဆိတ်၊- 5 သမင်၊ သိုးရိုင်း၊ တောဆိတ်၊ ဒရယ်အစရှိသော၊- 6 ခွာကွဲ၍စားမြုံ့ပြန်တတ်သောတိရစ္ဆာန်များ ဖြစ်၏။- 7 ခွာလည်းမကွဲ၊ စားမြုံ့လည်းမပြန်သောတိရစ္ဆာန် များကိုမစားရ။ ကုလားအုတ်၊ ယုန်၊ ခွေးတူဝက်တူ တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန်တို့သည် စားမြုံ့ပြန်တတ်သော်လည်း ခွာမကွဲသဖြင့် မသန့်သောတိရစ္ဆာန်များဟူ၍မှတ်ရမည်။- 8 ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
9 ``သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးဟူသမျှကိုစားနိုင်သည်။- 10 ဆူးတောင်နှင့်အကြေးမရှိသောရေသတ္တဝါ များကိုမူကားမစားရ။ ယင်းတို့ကိုမသန့် ဟုမှတ်ရမည်။
11 ``သင်တို့သည် သန့်စင်သောငှက်ဟူသမျှကို စားနိုင်သည်။- 12-18 သင်တို့မစားရသောငှက်များသည်ကားလင်း ယုန်၊ ဇီးကွက်၊ သိမ်းငှက်မျိုး၊ လင်းတ၊ ကျီး၊ ငှက် ကုလားအုတ်၊ ဇင်ယော်၊ ငှက်ကျား၊ ဗျိုင်း၊ ငှက် ကြီးဝံပို၊ တင်ကျီး၊ တောင်သူဘီးငှက်၊ လင်းနို့ စသည်တို့ဖြစ်၏။
19 ``အတောင်ရှိသောပိုးမွှားတို့သည် မသန့်စင် သောကြောင့်မစားရ။- 20 သန့်စင်သောပိုးမွှားများကိုမူကားစားနိုင်၏။
21 ``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။[c]
27 ``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။- 28 သုံးနှစ်လျှင်တစ်ကြိမ်သင်တို့သည် ထွက်သမျှ အသီးအနှံထဲမှဆယ်ဖို့တစ်ဖို့ကို သင်တို့ ၏မြို့ရွာများတွင်စုဆောင်းထားရမည်။- 29 ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
<- တရားဟော 13တရားဟော 15 ->