1 သခင်ဖြစ်သူတို့၊ သင်တို့သည်လည်းကောင်းကင် ဘုံတွင်ရှိတော်မူသောသခင်၏ကျွန်များဖြစ် ကြောင်းကိုသိမှတ်လျက် မိမိတို့၏ကျွန်များ ကိုတရားမျှတစွာဆက်ဆံကြလော့။[a]
5 သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-[b] 6 သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။
10-11 ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။[f]
12 ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-[g] 13 သူသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့နှင့်ဟေရပေါလိမြို့၌ရှိသူများအတွက် လည်းကောင်းအလွန်ကြိုးစားလုပ်ဆောင်သူဖြစ် ကြောင်းငါကိုယ်တိုင်သက်သေခံပါ၏။- 14 ငါတို့ချစ်သောဆရာဝန်လုကာနှင့်ဒေမတို့ ကသင်တို့အားနှုတ်ဆက်လိုက်ကြ၏။[h]
15 လောဒိကိမြို့ရှိညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့်သူ၏အိမ်တွင်စုဝေးဝတ်ပြုကြသည့် အသင်းတော်ဝင်တို့ကိုလည်းကောင်းနှုတ်ဆက် လိုက်ကြောင်းပြောပြကြလော့။- 16 ဤစာကိုသင်တို့အသင်းတော်ဝင်တို့အားဖတ် ပြပြီးသောအခါ လောဒိကိအသင်းတော်ဝင် တို့အားလည်းဖတ်စေကြလော့။ လောဒိကိ အသင်းတော်မှတစ်ဆင့်ပေးပို့မည့်စာကိုလည်း သင်တို့ဖတ်ရှုကြလော့။- 17 သခင်ဘုရားပေးအပ်ခြင်းခံရသည့်အမှုတော် ကိုအပြီးတိုင်ဆောင်ရွက်ရန်အာခိပ္ပုအားပြော ကြားကြလော့။[i]
18 ငါပေါလုကသင်တို့အားနှုတ်ဆက်စကားကို ငါကိုယ်တိုင်ရေး၏။ ငါသည်အကျဉ်းထောင်ထဲ တွင်ရှိနေသည်ကိုသင်တို့မမေ့ကြနှင့်။