9 ``လူမျိုး၏အဖတို့သည်မိမိတို့ညီယောသပ် အားမနာလိုသဖြင့် အီဂျစ်ပြည်တွင်ကျွန်ခံ စေရန်ရောင်းလိုက်ကြ၏။ သို့ရာတွင်ဘုရား သခင်သည်သူနှင့်အတူရှိတော်မူသည် ဖြစ်၍၊-[g] 10 သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-[h] 11 အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-[i] 12 သို့ရာတွင်အီဂျစ်ပြည်တွင်စပါးများရှိ ကြောင်းယာကုပ်ကြားသောအခါ မိမိ၏ သားများကိုထိုပြည်သို့ပထမအကြိမ် စေလွှတ်လိုက်၏။- 13 သူတို့ဒုတိယအကြိမ်လာရောက်ကြသော အခါ၌ ယောသပ်သည်မိမိမှာမည်သူမည်ဝါ ဖြစ်သည်ကိုအစ်ကိုဖြစ်သူတို့အားပြောပြ လေသည်။ ဖာရောဘုရင်သည်ယောသပ်၏ အိမ်ထောင်စုအကြောင်းကိုသိရှိလာ၏။-[j] 14 ယောသပ်သည်ဖခင်ယာကုပ်နှင့်တကွစုစု ပေါင်း ခုနစ်ဆယ့်ငါးယောက်သောဆွေမျိုးသား ချင်းတို့ကို အီဂျစ်ပြည်သို့ဖိတ်ခေါ်လေသည်။-[k] 15 ထို့ကြောင့်ယာကုပ်သည်အီဂျစ်ပြည်သို့လိုက် လာခဲ့၏။ ထိုပြည်တွင်သူနှင့်သူ၏သားများ သေလွန်ကြ၏။-[l] 16 သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''[m]
17 ``ဘုရားသခင်သည်အာဗြဟံအားထား တော်မူသော ကတိတော်ကိုအကောင်အထည် ဖော်ရန်အချိန်နီးကပ်လာသောအခါ အီဂျစ် ပြည်တွင်ဣသရေလအမျိုးသားတို့ဦးရေ များစွာတိုးပွားခဲ့၏။-[n] 18 ထိုအခါအီဂျစ်ပြည်တွင် ယောသပ်ကိုမသိ သောရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာ၏။- 19 ထိုဘုရင်သည်ငါတို့ဘိုးဘေးတို့ကိုလှည့် စား၍ သူတို့အားနှိပ်စက်ညှဉ်းဆဲ၏။ သူတို့ ၏ကလေးသူငယ်များအားသေစေရန်အိမ် ပြင်တွင်ပစ်ထားစေ၏။-[o] 20 ထိုအချိန်ကာလကားမောရှေဖွားမြင်ရာ အချိန်ကာလပင်ဖြစ်၏။ မောရှေသည်လွန်စွာ အဆင်းလှသောကလေးသူငယ်ဖြစ်၏။ သုံး လတိုင်တိုင်ဖခင်၏အိမ်တွင်ပြုစုစောင့်ရှောက် ခြင်းကိုခံခဲ့ရ၏။-[p] 21 သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။-[q] 22 မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။''
23 ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။-[r] 24 ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။- 25 (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)- 26 နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။- 27 သို့ရာတွင်မတရားသဖြင့်ပြုသူသည် မောရှေအား ဘေးသို့တွန်းဖယ်လိုက်ပြီး လျှင်`ငါတို့အားတရားစီရင်အုပ်ချုပ်သူ အဖြစ်ဖြင့်သင့်ကိုမည်သူခန့်ထားသနည်း။- 28 ယမန်နေ့ကအီဂျစ်အမျိုးသားတစ်ယောက် ကိုသတ်ခဲ့သည်နည်းတူ ငါ့ကိုလည်းသတ်လို ပါသလော' ဟုမေး၏။- 29 မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။[s]
30 ``အနှစ်လေးဆယ်ကြာသောအခါ သိနာတောင် အနီးတောကန္တာရတွင်မီးလျှံတောက်လျက်နေ သည့်ချုံထဲမှ ကောင်းကင်တမန်တစ်ပါးသည် မောရှေအားကိုယ်ထင်ပြလေသည်။-[t] 31 ထိုအခြင်းအရာကိုမြင်လျှင်မောရှေသည် လွန်စွာအံ့သြသဖြင့် ကြည့်ရန်အနီးသို့ ချဉ်းကပ်လိုက်သောအခါ၊- 32 `ငါသည်သင့်ဘိုးဘေးများ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏' ဟုထာဝရ ဘုရား၏အသံတော်ကိုကြားရ၏။ မောရှေ သည်တုန်လှုပ်လျက်မကြည့်ဝံ့ဘဲနေ၏။- 33 ထာဝရဘုရားကမောရှေအား`သင်ခြေနင်းရာ အရပ်သည်သန့်ရှင်းမြင့်မြတ်သောမြေဖြစ်၏။ သင်၏ဖိနပ်ကိုချွတ်လော့။- 34 အီဂျစ်ပြည်ရှိငါ၏လူစုတော်နှိပ်စက်ညှဉ်းဆဲ ခြင်းခံရကြသည်ကိုငါမြင်ရပြီ။ သူတို့၏ ညည်းတွားမြည်တမ်းသံကိုလည်းငါကြား ရပြီ။ သို့ဖြစ်၍သူတို့အားကယ်တင်ရန်ငါ ဆင်းသက်ခဲ့ပြီ။ ယခုသွားလော့။ သင့်ကိုအီဂျစ် ပြည်သို့ငါစေလွှတ်မည်' ဟုမိန့်တော်မူ၏။''
35 ``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။-[u] 36 သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-[v] 37 `သင်တို့သားချင်းများအထဲတွင် ငါကဲ့သို့ သောပရောဖက်တစ်ပါးကိုဘုရားသခင် သည် သင်တို့အတွက်ပေါ်ထွန်းစေတော်မူ လိမ့်မည်' ဟုဣသရေလအမျိုးသားတို့အား ပြောကြားခဲ့သူမှာမောရှေပင်ဖြစ်၏။-[w] 38 သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။[x]
39 ``သို့ရာတွင်ငါတို့ဘိုးဘေးများသည် သူ၏ စကားကိုနားမထောင်ကြ။ သူ့အားပစ်ပယ် ကာအီဂျစ်ပြည်သို့ပြန်လိုကြ၏။- 40 သူတို့က`ငါတို့၏ရှေ့ကကြွတော်မူမည့် ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ။ ငါတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သော ဤမောရှေဆိုသူကားအဘယ်သို့ဖြစ် နေသည်ကိုငါတို့မသိပါ' ဟုအာရုန်အား ပြောကြားကြ၏။-[y] 41 ထိုနောက်သူတို့သည်နွားသူငယ်ရုပ်တုကို သွန်းလုပ်၍ မိမိတို့လက်နှင့်လုပ်သောထိုရုပ်တု အားယဇ်ပူဇော်ကာပျော်ပွဲရွှင်ပွဲကိုကျင်းပ ကြကုန်၏။-[z] 42 သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ
44 ``တောကန္တာရတွင်ငါတို့ဘိုးဘေးများ၌ ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော် ရှိ၏။ မောရှေအားဘုရားသခင်ပြတော်မူ သည့်ပုံစံနှင့်အညီ ထိုတဲတော်ကိုတည် ဆောက်ခဲ့၏။-[bb] 45 ငါတို့အဘများသည်မိမိတို့ဖခင်များ ထံမှ ထိုတဲတော်ကိုဆက်ခံကာ ဘုရားသခင် နှင်ထုတ်တော်မူသောလူမျိုးတို့၏ပြည်ကို ယောရှုနှင့်အတူချီတက်သိမ်းပိုက်ကြသော အခါ ထိုတဲတော်ကိုသယ်ဆောင်သွားကြ၏။ ထိုတဲတော်ကားဒါဝိဒ်မင်းလက်ထက်တိုင် အောင်ရှိသတည်း။-[cc] 46 ဒါဝိဒ်မင်းသည်ဘုရားသခင်၏ရှေ့တော် တွင်မျက်နှာပွင့်လန်းသူဖြစ်၏။ သို့ဖြစ်၍ ယာကုပ်၏ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပြုရန် ဘုရားသခင်အားပန်ကြားလေသည်။-[dd] 47 သို့သော်ဘုရားသခင်၏ဗိမာန်တော်ကို တည်ဆောက်ခွင့်ရသူကား ရှောလမုန်မင်း ကြီးဖြစ်သတည်း။''[ee]
48 ``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
51 ``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-[hh] 52 သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။- 53 ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။
57 ထိုသူတို့သည်ကျယ်စွာဟစ်အော်လျက် မိမိ တို့၏နားများကိုလက်ဖြင့်ပိတ်ဆို့ပြီးလျှင် သူ့ဆီသို့တရှိန်ထိုးပြေးကာ၊- 58 သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။- 59 ဤသို့သူ့ကိုကျောက်ခဲနှင့်ပေါက်နေကြစဉ် သတေဖန်သည်``အို သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ'' ဟုဆုတောင်း ၏။- 60 သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။
<- တမန်တော်ဝတ္ထု 6တမန်တော်ဝတ္ထု 8 ->- a က၊ ၁၂:၂။
- b က၊ ၁၁:၃၁၊ ၁၂:၄။
- c က၊ ၁၂:၇၊ ၁၃:၁၅၊ ၁၅:၁၈၊ ၁၇:၈။
- d က၊ ၁၅:၁၃-၁၄။
- e ထွ၊ ၃:၁၂။
- f က၊ ၁၇:၁၀-၁၄၊ ၂၁:၂-၄။ ၂၅:၂၆။ ၂၉:၃၁-၃၅:၁၈။
- g က၊ ၃၇:၁၁၊ ၂၈၊ ၃၉:၂၊ ၂၁။
- h က၊ ၄၁:၃၉-၄၁။
- i က၊ ၄၂:၁-၂။
- j က၊ ၄၅:၁၊ ၁၆။
- k က၊ ၄၅:၉-၁၀၊ ၁၇-၁၈၊ ၄၆:၂၇။
- l က၊ ၄၆:၁-၇။ ၄၉:၃၃။
- m က၊ ၂၃:၃-၁၆၊ ၃၃:၁၉၊ ၅၀:၇-၁၃။ ယောရှု၊ ၂၄:၃၂။
- n ထွ၊ ၁:၇-၈။
- o ထွ၊ ၁:၁၀-၁၁၊ ၂၂။
- p ထွ၊ ၂:၂။
- q ထွ၊ ၂:၃-၁၀။
- r ထွ၊ ၂:၁၁-၁၅။
- s ထွ၊ ၁၈:၃-၄။
- t ထွ၊ ၃:၁-၁၀။
- u ထွ၊ ၂:၁၄။
- v ထွ၊ ၇:၅၊ ၁၄:၂၁။ တော၊ ၁၄:၃၃။
- w တော၊ ၁၈:၁၅၊ ၁၈။
- x ထွ၊ ၁၉:၁-၂၀:၁၇။ တရား၊ ၅:၁-၃၃။
- y ထွ၊ ၃၂:၁။
- z ထွ၊ ၃၂:၂-၆။
- aa အာ၊ ၅:၂၅-၂၇။
- bb ထွ၊ ၂၅:၉၊ ၄၀။
- cc ယောရှု၊ ၃:၁၄-၁၇။
- dd ၂ရာ၊ ၇:၁-၁၆။ ၅ရာ၊ ၁၇:၁-၁၄။
- ee ၃ရာ၊ ၆:၁-၃၈။ ၆ရာ၊ ၃:၁-၁၇။
- ff ဟေရှာ၊ ၆၆:၁-၂။
- gg ဟေရှာ၊ ၆၆:၁-၂။
- hh ဟေရှာ၊ ၆၃:၁၀။